Episode 20🍷

559 39 6
                                    

မုန်တိုင်းတွေပြီးရင် လေပြေတွေလာဆဲပါ။ထို့ကြောင့် မုန်တိုင်းလာတိုင်းစိတ်ဓာတ်မကျပဲ လေပြေအတွက်အားခဲထားရမယ် မဟုတ်လား~

🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼🎼

Sj အိပ်တော့မလို့ သန့်ရှင်းရေးလုပ်ကာ အိပ်ယာပေါ်လှဲတုန်းရှိသေးသည် မြည်လာတဲ့စားပွဲပေါ်ကသူ့ဖုန်းကိုကြည့်လိုက်တော့ Minyoung shi~

"Yeabosayo?Minyoung shi..."

"Seojoon shi အိပ်နေပြီလား?"

"မအိပ်သေးပါဘူး။ပြောစရာရှိလို့လား?"

"ဟုတ်တယ်။အိမ်အောက်ကိုဆင်းလာနိုင်မလား?"

"Ye?"

သူမစကားကြောင့် ကျနော်အံ့ဩစွာ သူ့အိပ်ခန်းပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ ဒီလောက်အေးနေတဲ့ဆောင်းဦးရာသီမှာ အင်္ကျီလက်တိုလေးနဲ့နှာခေါင်းလေးရဲက ကျနော့်ရှိရာအခန်းသို့မျှော်ကြည့်နေတဲ့သူမ......

ကျနော်လဲ ဘာမှမစဉ်းစားနိုင်တော့ပဲ ချက်ချင်းအနွေးထည်ဝတ်ပြီးသူမအတွက်ရောကျနော့်ရဲ့ အင်္ကျီတထည်ယူပေးကာ ဆင်းသွားလိုက်သည်။
.
.
.
.
.
"Minyoung shi~ကျစ်!ဒီလောက်အေးနေတာကို။"

ပြောရင်းဆိုရင်း သူမကိုအင်္ကျီဝတ်ပေးလိုက်တော့ သူမကရုန်းသည်။ကျနော်လဲ စိတ်မရှည်ကာ"ငြိမ်ငြိမ်နေ!"ဟုနည်းနည်းမာန်လိုက်မှငြိမ်ကျသွားသည်။တကယ့် ကလေးလေးကျလို့။

"ပြောပါဦး။ဘယ်လိုရောက်လာတာလဲ?"

"ကျမအတည်ပြုစရာရှိလို့။"

"ဘာများလဲ?"

"Tae လေးတို့အိမ်ကို Jungkook နဲ့ကိစ္စက Seojoon shi ပြောလိုက်တာလား?"

"အိမ်ကသိသွားလို့လား?"

"တကယ်ပဲမသိတာလား?"

"မဟုတ်ဘူး။"

"ဒါဆို?"

"ကိုယ်ပြောလိုက်တာ။ဒါမဲ့ Tae လေးချစ်သူက Jungkook ဆိုတာတော့ မပြောလိုက်ပါဘူး။"

Fine WineDonde viven las historias. Descúbrelo ahora