❤ကျွန်တော့်ရဲ့ကောင်လေး💚
အပိုင်း(၁၂)💕
မနေ့ညက နှစ်ယောက်သားရန်ဖြစ်ပြီး ပြန်တည့်တာနဲ့ပဲအချိန်ကုန်သွားရ၍ ဤတစ်နေ့အတန်းမတက်ပဲ ဇာတ်လမ်းကိုချုံ့ရန် ထိုလူသားနှစ်ယောက်တာဝန်ကျနေသည်။
" ရှောင်ကျန့်..ဒီဝတ္ထုထဲကမင်းသားက တော်တော်နှာဘူးထတာပဲ "
" ဟမ်..ဘာလို့လဲ "
" ဟုတ်တယ်လေ မင်းသမီးကိုမြင်မြင်ချင်း သွားနမ်းတာ "
" အနောက်တိုင်းပုံပြင်တွေထဲကလိုပဲလေ မထူးဆန်းပါဘူး "
" ဒါဆို မင်းသမီးကရော မြင်မြင်ချင်းကြိုက်ပြီး လက်ခံလိုက်ရောလား ဘာမှမမေးတော့ဘူးလား "
" နတ်သမီးလေကွာ မင်းသားအကြောင်းသူသိမှာပေါ့ "
" ရပြီ ငါသိပြီ တွေ့ဆုံခန်းရယ် ချစ်ကြိုက်ခန်းရယ် အတူနေထိုင်ကြတဲ့အခန်းရယ် သေသွားကြတဲ့အခန်းရယ်ဆို ဆုံပြီ "
" အင်း ဘာလို့လဲမသိဘူး သေသွားတဲ့ဇာတ်မကချင်ဘူး "
" မင်းပဲအဲ့ဝတ္ထုကိုရွေးခဲ့တာလေ "
" ပြန်ပြောင်းလိုက်ရင်ရတာပဲကို ငါတို့ပဲပြောင်းရမှာလေ "
" ဇာတ်သိမ်းပြောင်းမှာလား "
" ဟုတ်တယ် နတ်သမီးနဲ့မင်းသားကို မသေစေချင်ဘူး "
" အာ...ငါသိပြီ မင်းသားငိုတဲ့မျက်ရည်က မင်းသမီးပေါ်ကျသွားပြီး ပြန်ရှင်လာရင်ရော "
" အဲဒါက အရမ်းကြီး ယုတ္တိမရှိရာကျမနေဘူးလား "
" ဒါဆိုဘယ်လိုလုပ်မှာလဲ "
" မင်းသားလေးကနတ်ဘုရားစီကို တောင်းပန်ပြီး သူ့ချစ်သူရဲ့အသက်ကိုပြန်ပေးဖို့တောင်းဆိုမယ် "
" အင်း "
" မရရအောင် အတင်းတောင်းမယ်ထား.."
" အင်း "
" နတ်ဘုရားကပြောမယ်.."
" နမ်းခိုင်းမှာလား "
" ဝမ်ရိပေါ်..မင်းခေါင်းထဲ Snow White တို့ Sleeping Beauty တို့ ပဲ ရှိနေတာလား.."
" ဆောရီးပါကွာ ငါရောသွားလို့ "
" အဲတော့ နတ်ဘုရားကပြောမယ် "
YOU ARE READING
ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE
Fanfictionfb မှာ တင်ပြီးသားလေးတွေ ဒီမှာပြန်တင်ပါလို့ အသဲတွေကပြောလို့တင်လိုက်တာပါ😘 wp မှာလည်းတင်ပါပြီ ဖတ်ကြပါအုံးနော် ပြန်ဖတ်ချင်တဲ့အသဲတွေ အဆင်ပြေပါပြီ☺ ဖတ်ကြနော် vote မရှိရင် ပြန် un မှာမို့🤭 ZhanYi romance Happy ending fan fiction ❤💚 fb မွာ တင္ၿပီးသားေလးေ...