23 (Uni Zawgyi)

1.8K 147 2
                                    

Unicode

❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၂၃)..💕

ရိပေါ် ဖုန်းဆက်လှမ်းပြောသော မသင်္ကာစရာလူနှစ်ယောက်သည် အတွင်းရေးမှူးလွှတ်လိုက်သောလူများဖြစ်၏။

ထိုလူများသည် ဆေးရုံထဲမဝင်ခင်က ခေါင်းကိုတစ်ပတ်လည်နေအောင် ဘေးပတ်ဝန်းကျင်အားအကဲခတ်လိုက်ကြသော်လည်း ရိပေါ်နှင့်ကျင်းရီကိုတော့ သတိမမူမိခဲ့ပေ။

ရိပေါ်တို့သည်လည်း မုန့်ပွဲတွေကိုအလောတကြီးဟန်ဆောင်စားနေရင်း အကဲခတ်လိုက်နိုင်သောကြောင့် ရှောင်ကျန့်တို့စီသတင်းပို့နိုင်လိုက်ခြင်းဖြစ်၏။

ရှောင်ကျန့်သည် ထိုသတင်းကြောင့် ကျန်းချန်နှင့်တိုင်ပင်ကာ ပြောထားသည့်အတိုင်းလုပ်ဆောင်တော့သည်။

ရှောင်ကျန့်သည် ပြတင်းပေါက်ရှိလိုက်ကာရှည်ကြီးနောက်သို့ ဝင်ပုန်းနေလိုက်ကာ ကျန်းချန်မှာ သူ၏အဒေါ်အနားတွင် ထိုင်နေလိုက်သည်။

များမကြာမီ ခြေသံနှစ်ခုနီးလာ၍ ထင်သည့်အတိုင်းပင် ဆရာဝန်ဝတ်စုံဝတ်ထားသော လူနှစ်ယောက်က အခန်းတံခါးလာခေါက်တော့သည်၊

ကျန်းချန်သည် ရှောင်ကျန့်မှာထားသည့်အတိုင်း တံခါးသွားဖွင့်ပေးလိုက်ကာ ဆရာဝန်ဝတ်စုံနှင့်လူနှစ်ယောက်ကို ဝင်လာစေလိုက်သည်။

နှစ်ယောက်စလုံး mask များတပ်ထားကြ၍ မျက်နှာကိုတော့မတွေ့ရပါချေ။

ထိုသူတို့အနက်တစ်ဦးမှ ကျန်းချန်ကိုပြောသည်။

" ဒီကလူနာစောင့်ထင်တယ်..

လူနာကိုဆေးထိုးစရာရှိလို့ ခဏလောက်အပြင်ထွက်ပေးနိုင်မလား "

" အာ..ဟုတ် ရပါတယ် "

ကျန်းချန်သည် ထွက်သွားရန်ခြေလှမ်းလိုက်ပြီး ထိုဆရာဝန်၏လည်ပင်းအားကြည့်ကာ မေးလိုက်သည်၊

" ဒေါက်တာတို့ လည်ဆွဲကဒ်မေ့ခဲ့တယ်နဲ့တူတယ် "

သူ့စကားကြောင့် လည်ဆွဲကဒ်မရှိသောဆရာဝန်နှစ်ယောက် ချွေးများပျံသွားရကာ ဘေးကတစ်ယောက်မှာ ဝင်ပြောလာ၏။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Nơi câu chuyện tồn tại. Hãy khám phá bây giờ