15 (Uni Zawgyi)

2K 158 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၁၅)..💕

ရှောင်ကျန့်သည် ရိပေါ်ကို စိတ်ပူ၍ ချက်ချင်းပင် ဝင်လာခဲ့မိသည့်အကျိုးဆက်သည်...

မိမိကိုယ်မိမိနောင်တရမိခြင်းပင်။

ရိပေါ်လည်း ' အား....' ဟုအော်ဖို့တောင် အသံကမထွက်လာတော့၍ လည်ပင်း၌သာတစ်နေတော့သည်။

" ရိပေါ်..မင်းဘာလုပ်နေတာလဲ "

ထိုသို့မေးတော့ ရိပေါ်ကဘယ်လိုပြန်ဖြေရမတုန်း။

ရှက်လွန်းလို့သာ ခေါင်းကိုမြေကြီးထဲဝှက်လိုက်ချင်တော့သည်။

ထို့ကြောင့် ခေါင်းကိုငုံ့ချလိုက်၏။

ဟင်...ငါဝတ်ထားတဲ့အင်္ကျီကရှည်နေတာပဲ။

ဒါဆိုသူမမြင်ဘူးမလား..။

သူသည် ဇစ်ကိုတစ်ဝက်မျှသာဆွဲချရသေး၍ အင်္ကျီကလည်း တီရှပ်ရှည်ရှည်လေးဖြစ်နေတာနဲ့ တစ်ဖက်လူ ကွက်ကွက်ကွင်းကွင်းမမြင်ရလောက်ပါချေ။

" ရှောင်ကျန့် မင်းဘာလို့ဝင်လာတာလဲ "

" မင်းမှပြန်မထူးတာ ငါလန့်သွားလို့ဝင်လာတာ..

မင်းကဘာလုပ်နေတာလဲ ဇစ်ကြပ်နေလို့လား.."

ရှောင်ကျန့်သည် ရိပေါ်ရဲ့ တီရှပ်ရှည်ကြောင့်ဘာမှမသိလိုက်ရ၍ ရိုးရိုးပဲမေးလိုက်သည်ကို ရိပေါ်အခွင့်အရေးရသွား၏။

" အာ..ဟုတ်တယ် ဒီဘောင်းဘီက ဇစ်ကြပ်နေတာ..

အဲဒါကြောင့် "

" အဲဒါများ ဘာလို့အသံတွေတုန်နေတာလဲ "

" အမ်...အဲဒါကလား..ဇစ်ကိုအားစိုက်ဖြုတ်နေလို့ "

" အင်းပါ အဲဒါဆို ငါဒီဝတ်စုံထားခဲ့မယ်..

မင်းယူသွားတာ size အသေးကြီး "

" ဟုတ်လား ကျေးဇူးပဲကွာ "

ရိပေါ်အတွက် ယူလာတဲ့ဝတ်စုံကိုရှောင်ကျန့်ပေးလိုက်ပြီး တံခါးပြန်ပိတ်၍ထွက်လာလိုက်သည်။

သူလည်း ရင်ထဲတလှပ်လှပ်နဲ့ဖြစ်နေပါသည်။

တကယ်လို့သာ ရိပေါ်အင်္ကျီကသာ ရှည်မနေရင်၊ ဇစ်ကလည်းကြပ်မနေရင် ဇစ်ရဲ့နောက်ဝယ်သူဘာမြင်ရလိမ့်မလဲမပြောတတ်ပေ။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Where stories live. Discover now