13 (Uni Zawgyi(

1.9K 178 1
                                    

Unicode
❤ကျွန်တော့ရဲ့ကောင်လေး💚

အပိုင်း(၁၃)..💕

ရှောင်ကျန့် ဤမနက်တွင် အိပ်ယာမှနိုးလာသည်နှင့် စိတ်ကသိပ်မကြည်ပေ။

မနေ့ကငမူးလေးပြောလိုက် ချစ်တယ် ဆိုသည့် စကားက သူ့ဦးနှောက်ထဲဝင်ရှိနေဆဲဖြစ်ကာ ရိပေါ်ဘယ်သူ့ကိုပြောမှန်း သူမသိသည်က သူ့အတွက်ဒေါသဖြစ်စရာပင်။

ဘာလို့ဒေါသထွက်နေလဲတော့မသိပေမယ့် ရိပေါ်မှာ ချစ်တဲ့သူရှိနေတာလားဆိုတဲ့ အသိကြီးက လူကိုစိတ်ဆင်းရဲမှုများဖြစ်ပေါ်စေသည်။

သူ့စိတ်ထဲမေးလိုက်ချင်သည်။

မင်းဘယ်သူကိုချစ်နေတာလဲ လို့။

သို့သော်မမေးချင်ပါ။ သူပြောပြလို့ ကိုယ်သိသွားရင် ရိပေါ်ရဲ့ခေါင်းထဲကလူကို မရမကဆွဲထုတ်ပစ်ချင်မိမှာပင်။ထို့နောက် မိန်းကလေးဖြစ်နေပါက အမြင်ကပ်ဆုံးစာရင်းသွင်းပေးလိုက်မည်ဖြစ်ပြီး နောက်ဆုံး ယောက်ျားလေးဖြစ်နေပါက သွားဆွဲထိုးမိမလားပင်။

ထို့ကြောင့် ရှောင်ကျန့် ရိပေါ်ကိုမမေးဖို့သာရှိတော့ပေသည်။

ရှောင်ကျန့်တစ်ယောက် စိတ်မပါလက်မပါနဲ့ ရေချိုးခန်းထဲဝင်သွား၏။ စိတ်မပါလက်မပါ မျက်နှာသစ်၊သွားတိုက်ကာ စိတ်မပါလက်မပါရေချိုးပြီး စိတ်မပါလက်မပါဖြင့် ပြန်ထွက်လာသည်။

စိတ်မပါလက်မပါအင်္ကျီတွေဝတ်ပြီးနောက် နာရီကြည့်တော့ ၇နာရီ။

တစ်ဖက်ကုတင်မှာတော့ ငမူးလေးကအိပ်ပျော်နေတာမှာစောင်ကိုခေါင်းမြီးခြုံလျက်။

သူ့ကြောင့် ရှောင်ကျန့် စိမသက်မသာဖြစ်နေကာ ကိုယ့်ကိုယ်ကို ဘာဖြစ်မှန်းလဲမသိပေ။

သို့ဖြစ်၍သူသည် ငမူးလေးအတွက် ဖျော်ရည်ချဉ်ချဉ်လေးတစ်ခွက်ဖျော်သွားပေးကာ စာလေးတစ်စောင်ကိုဖန်ခွက်နှင့်အတူထားခဲ့ပြီး ကျန်းချန်စီသို့ ထွက်လာခဲ့တော့သည်။

ဒေါက်ဒေါက်..

ကျန်းချန် အဝတ်စားလဲနေတုန်း တံခါးခေါက်သံကြားတာနဲ့ အင်္ကျီကိုအမြန်စွတ်ထည့်၍ထွက်လာရသည်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Wo Geschichten leben. Entdecke jetzt