36📌📌(Uni Zawgyi)

1.6K 106 1
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၃၆)..💕

ဂျီးး..ဂျီးး....

အရေးထဲမှာ ခုံပေါ်တင်ထားသောဖုန်းမှ တဂျီးဂျီးထမြည်လာသည်။

အသံပိတ်ထားသော်လည်း တဂျီးဂျီးနဲ့မြည်နေသည်မှာ အလိုက်မသိသောမည်သူက အခုအချိန်မှာမှဖုန်းလာခေါ်လည်းမသိပေ။

ရှောင်ကျန့်လည်း ဒေါသထွက်ထွက်နဲ့ပဲ ထိုဖုန်းကိုကောက်ပိတ်မယ်လုပ်တော့ မာတာမိခင်စီမှဖြစ်နေ၏။

မာမီတကယ်ရက်စက်ပါ့။

ရိပေါ်သည် ရှောင်ကျန့်၏ ဖုန်း screen ကိုလှမ်းကြည့်လိုက်ပြီး ဖုန်းမကိုင်သေးသောရှောင်ကျန့်အား ပြောလိုက်၏။

" ကိုင်လိုက်လေ မင်းအမေခေါ်နေတာကို "

" ဟယ်လို မာမီ "

ထိုအခါမှ ရှောင်ကျန့်ကောက်ကိုင်လိုက်၏။

" ဗျာ..ဟုတ် "

" .... "

" ဟုတ် အဆင်ပြေပါတယ် "

" .... "

" ဟုတ် ပြောပါ့မယ် "

" .... "

" ဟုတ် မာမီ "

တီ..

" ဘာပြောတာလဲ "

" ကွန်ဒိုမှာအဆင်ပြေလားမေးတာ..

အဆင်မပြေရင်ပြောတဲ့..

တစ်ခုခုလိုအပ်ရင်ဖုန်းဆက်လိုက်တဲ့ "

" အော်..အင်း "

" မအင်းနဲ့ ပြန်စမယ် "

" ဟမ်.."

ပြန်စမယ်ဆိုကာ ခုနလေးတင်က တန်းလမ်းကြီးဖြစ်သွားသော အနမ်းများကိုပြန်စရန်ပြင်ဆင်တော့သည်။

ဖုန်းကို ခုံပေါ်ပစ်တင်လိုက်ကာ ရိပေါ်၏လက်များကို ရှောင်ကျန့်ဆုပ်ကိုင်လိုက်၍ မျက်နှာချင်းအပ်လိုက်စဉ်...

ဂျီးး..ဂျီးး...

" အာ..ဘယ်သူဆက်ပြန်ပြီလဲကွာ "

စိတ်တိုတိုနဲ့ဖုန်းကိုကောက်ကြည့်လိုက်တော့ ပိုးစိုးပက်စက်အလိုက်မသိသော ညီဖြစ်သူ ကျန်းချန်ပင်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Donde viven las historias. Descúbrelo ahora