18 (Uni Zawgyi)

1.9K 175 0
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၁၈) 💕

ရှောင်ကျန့်သည် ဖြာကျနေသာ ရိပေါ်ကျောပြင်ထက်မှ ဆံနွယ်တို့ကို ဖြည်းညင်းစွာကိုင်လိုက်ပြီး ဆို၏။

" မင်းကဒီလိုကျတော့လည်း ရူပ်မဆိုးတော့သလိုပဲ "

" စကားမများနဲ့ မြန်မြန်လုပ် "

ရှောင်ကျန့်အနည်းငယ်ပြုံးလိုက်ကာ ထိုဆံပင်ရှည်များကို တစ်ဝက်ခန့်အပေါ်ယံယူလိုက်၍ ခပ်မြင့်မြင့်မြှောက်တင်လိုက်၏။

ထို့နောက် ထိုဆံပင်တို့ကို တစ်ဝက်ရောက်သည်အထိ ကြိုးစလေးဖြင့်ချည်လိုက်ကာ ကျန်တစ်ဝက်ကို သုံးလိမ်ကျစ်လိုက်သည်။

ထို့နောက် ကြိုးစဖြင့်ချည်ထားသောဆံပင်ထုလေး၏အလယ်ဗဟိုသို့ ကျစ်ထားသောဆံစလေးထည့်ခွေရစ်ပတ်လိုက်သောအခါ ဆံပင်ထုကနှစ်ဖက်ကွဲသွားပြီး ဖဲပြားလေးပုံပေါ်သွားတော့သည်၊

" ဝါး...မိုက်လိုက်တာ..

မင်းဘယ်လိုလုပ် ဒီလိုတွေတတ်တာလဲ "

" ငါ့မာမီကငါ့ကိုသင်ပေးပြီး သူ့ခေါင်းကိုစီးခိုင်းနေကျလေ..ငါ့မာမီကအလှကြိုက်တယ် "

" အဲ့လိုလား "

" အင်း "

ဤသို့ဖြင့် ရိပေါ်၏မျက်နှာလေးနှင့်လိုက်ဖက်အောင် ပြင်ပေးလိုက်ကာ ဆံပင်တစ်ဝက်ကိုတော့ကျောထက်ဖြာထားစေလိုက်၏။

ဆံစအနည်းငယ်တို့ကို ရှေ့နဖူးပြက်ထက်ဝဲကျစေလိုက်တော့ဖြင့် တကယ့်ကို နတ်သမီးတစ်ပါးထက်တောင် သာလွန်အုံးမည်။

ထိုသူကယောက်ျားလေးတစ်ယောက်တဲ့လား။

" ပြီးပြီ "

" ဝိုး...အရမ်းမိုက်တာပဲ ငါ့ကိုယ်ငါတောင်ပြန်ကြွေသွားတယ် ရှောင်ကျန့်ရာ "

" ငါရောပဲ.."

" ဟမ်.."

" အဟမ်း...ငါလည်းငါ့ကိုငါပြန်ကြွေသွားတယ်လို့ "

နှစ်ယောက်သား တစ်ဖက်သို့ ကိုယ်စီမျက်နှာလွှဲသွားကြကာ အသံတိတ်ပြုံးမိကြတော့သည်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Donde viven las historias. Descúbrelo ahora