Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚အပိုင်း(၃၄)..💕
နှစ်ပုလင်းလုံးကို မြေပြင်ပေါ်စွန့်ကျဲလိုက်ပြီးနောက် မသောက်လိုက်ရပါပဲကုန်သွားသောကြောင့် အနိုင်ရဖို့နီးကပ်လာပြီဖြစ်၏။
ရှောင်ကျန့်တစ်ယောက်ဝမ်းတွေသာနေကာ တစ်ခွက်ထဲသောက်ထားသဖြင့် သူမူးလည်းမမူးသေးပေ။
ဝမ်ပါးကတော့ နည်းနည်းမူးနေပြီဖြစ်၍ စကားတွေဟိုပြောဒီပြော တောင်ပြောမြောက်ပြောဖြင့်။
ရှောင်ကျန့်ကလည်း နားထောင်ပေးနေကာ ' အော်..၊ အင်း၊ ဟုတ်တာပေါ့..၊ ဟုတ်တယ်..' ဆိုတာပဲပြောရင်း မသိမသာလေး ဖန်ဖွက်ကိုစားပွဲအောက်ယူရင်းပေါ့။
ဤသို့ဖြင့် ငါးပုလင်းမြောက်သော တစ်ပုလင်းသာ အဖုံးမဖွင့်ရသေးပဲရှိနေတော့သည်။
ရှောင်ကျန့်သည် ထိုပုလင်းကိုပါ မြေကြီးပေါ်သို့သွန်ချနိုင်ပါက နိုင်တော့မည်ဖြစ်ကာ လက်လှမ်းလိုက်ပေသည်။
" မသောက်နဲ့..."
" ဟမ်..ရိပေါ် "
ရိပေါ်ရောက်လာကာ ရှောင်ကျန့်လက်လှမ်းနေသောပုလင်ရှေ့မှဆီးကြိုကာ ရှောင်ကျန့်လက်အားဖမ်းဆုပ်လိုက်သည်။
ဝမ်ပါးသည် မူးနေပြီဖြစ်သောကြောင့် အမြင်နည်းနည်းဝေဝါးနေကာ ရိပေါ်ရောက်လာမှန်း သတိမထားနိုင်ပါချေ။
ရှောင်ကျန့်သည်အသံကို အတိုးဆုံးနှိမ့်လိုက်ကာ ရိပေါ်အားပြောလိုက်သည်။
" ဘယ်လိုရောက်လာတာလဲ "
" ပြန်ကြမယ် လိုက်ခဲ့ "
ရိပေါ်သည် သူ့၏အဖေဘက်တစ်ချက်လှည့်ကြည့်ကာ ထပ်ပြောလိုက်သည်။
" အဖေအမူးမပြေခင် အမြန်ပြန် "
" မဖြစ်ဘူး..ဒီပုလင်းကုန်ရင် ကိုယ်နိုင်ပြီ..
အဲဒါမှမင်းပါပါးကသဘောတူမှာတဲ့ "
" ဟမ်..အဲ့လိုလား "
" ဟုတ်တယ် ကိုယ်ပြန်သွားရင် အရှူံးပေးလိုက်သလိုဖြ်းသွားမှာပေါ့..မင်းပါပါးလည်း အထင်သေးသွားနိုင်တယ်လေ..ဒါလေးကိုတောင်ကိုယ်မလုပ်နိုင်ခဲ့ရင် ဒုတိယအခွင့်အရေးကဝေးသွားလိမ့််မယ် "
ŞİMDİ OKUDUĞUN
ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE
Hayran Kurgufb မှာ တင်ပြီးသားလေးတွေ ဒီမှာပြန်တင်ပါလို့ အသဲတွေကပြောလို့တင်လိုက်တာပါ😘 wp မှာလည်းတင်ပါပြီ ဖတ်ကြပါအုံးနော် ပြန်ဖတ်ချင်တဲ့အသဲတွေ အဆင်ပြေပါပြီ☺ ဖတ်ကြနော် vote မရှိရင် ပြန် un မှာမို့🤭 ZhanYi romance Happy ending fan fiction ❤💚 fb မွာ တင္ၿပီးသားေလးေ...