❤ ကျွန်တော့်ရဲ့ကောင်လေး 💚
အပိုင်း(၄).....💞
ရိပေါ်နှင့်အတူ ကျင်းရီနဲ့စုန့်ရီတို့ တံခါးမရှိသောနေရာတွင် တံခါးဖွင့်သံကြားနေရတော့ အနည်းငယ်တော့သဘောပေါက်လာခဲ့သည်..
ဌာနဟောင်းကို ဘာလို့ပိတ်ထားရသလဲဆိုတာ သရဲခြောက်လို့များလားလေ..
ရိပေါ်ကတော့ ကြောက်တဲ့စိတ်မရှိပေမယ့် စုန့်ရီကတော့လက်ဖျားတွေအေးလာသည်..
ကျင်းရီလည်း တစ်ခုခုတွေ့တာနဲ့ပြေးဖို့ အသိပေးရန် အဆင်သင့်လုပ်နေသည်..
ကတောက်...ကတောက် ..
ရေကျသံအချို့ကကြားလာရပြန်ကာ ဘာရေပိုက်ခေါင်းမှလည်းရှိမနေခဲ့ဘူး..
" ဘယ်သူလဲ.."
ရိပေါ်မှ အမှောင်ထဲကြည့်ပြီး ရည်ရွယ်သူမရှိမေးလိုက်သည်..
ထို့နောက် ဓာတ်မီးလှမ်းထိုးကာရှေ့ဆက်တိုးသွားသည်...
" ရိပေါ် နင်ဘယ်သွားမလို့လဲ "
" နင်တို့ဒီမှာနေခဲ့ကြ..
ငါထွက်ပေါက်ရှာအုံးမယ် ရှာတွေ့ရင်လှမ်းအော်လိုက်မယ်..
ကျင်းရီ.. မင်းစုန့်ရီနဲ့အတူနေခဲ့.."
ရိပေါ်ကတော့ သူရဲကောင်းကြီးလုပ်ပြီး ထွက်ပေါက်သွားရှာလေရဲ့..
ကျင်းရီနဲ့စုန့်ရီလည်း ထိုနေရာမှာပဲစောင့်နေကာ ရိပေါ်အသံကိုနားစွင့်နေလိုက်ကြသည်..
အမှောင်ထဲတဖြည်းဖြည်းဝင်သွားသော ရိပေါ်၏ပုံရိပ်သည် တဖြည်းဖြည်းပျောက်ကွယ်သွားတယ်..
ရိပေါ်ဆက်လျှောက်လိုက်စဉ် ရေကျသံကတဖြည်းဖြည်းစိမ့်လာခဲ့၏...
ဝှစ်.....
ရိပေါ်ရဲ့ဓာတ်မီးအလင်းရောင်ရှေ့ကနေ အရိပ်မည်းတစ်ခုဖြတ်သွားသလိုပင်..
" ဘယ်သူလဲ "
မေးနေပေမယ့်အဖြေမလာခဲ့ပါ..
" ဘယ်သူလဲ..
ငါမကြောက်တတ်ဘူးနော်.."
ဝှစ်...ဘတ်...
နောက်ထပ်အရိပ်မည်းကြီးကပြေးလာစဉ်အရှိန်ကို ရိပေါ်အာရုံစိုက်နေစဉ် ဖြတ်သွားသောအရိပ်ကသူ့ပုခုံးကိုပုတ်သွားသည်..
ESTÁS LEYENDO
ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE
Fanficfb မှာ တင်ပြီးသားလေးတွေ ဒီမှာပြန်တင်ပါလို့ အသဲတွေကပြောလို့တင်လိုက်တာပါ😘 wp မှာလည်းတင်ပါပြီ ဖတ်ကြပါအုံးနော် ပြန်ဖတ်ချင်တဲ့အသဲတွေ အဆင်ပြေပါပြီ☺ ဖတ်ကြနော် vote မရှိရင် ပြန် un မှာမို့🤭 ZhanYi romance Happy ending fan fiction ❤💚 fb မွာ တင္ၿပီးသားေလးေ...