37..(Uni Zawgyi)

1.5K 107 1
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၃၇)..💕

တီးတောင်..တီးတောင် 🔔🔔

ညကြီးမိုးချုပ် ဘယ်သူရောက်လာသလဲတော့မသိ။

တတီးတီးတတောင်တောင်ဖြင့် တံခါးကဘဲလ်သံက အဆက်မပြတ်မြည်နေသောကြောင့် ဂိမ်းဆော့နေသောရိပေါ် တံခါးသွားဖွင့်ပေးလိုက်၏။

တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မျက်နှာကတော့ ယောက်ဖတော်နှင့်ကျင်းရီ။

နာရီကြည့်တော့ ၁၀ နာရီထိုးနေပြီကို သူတို့ဘယ်လိုရောက်လာကြလဲမသိ။

ရိပေါ် အံ့သြစွာဖြင့်မေးလိုက်၏။

" မင်းတို့ဘာလာလုပ်ကြတာလဲ "

" အဟဲ..ယောက်ဖ..

ငါ့အစ်ကိုရော.."

" ကိုကိုကမီးဖိုချောင်ထဲမှာ "

" ဒီအချိန်ကြီး "

" ဒီအချိန်ကြီးဘာဖြစ်လဲ..ငါဗိုက်ဆာလို့တစ်ခုခုလုပ်ပေးနေတာ..မင်းတို့သာ ဒီအချိန်ကြီးဘာလာလုပ်ကြတာလဲ "

" ငါ့အစ်ကိုကိုသာခေါ်ပေးပါကွာ..

အေးဆေးပြောကြတာပေါ့ "

" ဘာကိစ္စမို့လို့ သိုသိုဝှက်ဝှက်တွေလုပ်နေကြလဲမသိဘူး

.."

ရိပေါ်မှကြည့်မရသည့်ပုံစံဖြင့် အရှုပ်ထုပ်နှစ်ကောင်အား မျက်စောင်းထိုးလိုက်ကာ အထဲသို့ဝင်ထိုင်ခိုင်းလိုက်၏။

ထို့နောက် ရှောင်ကျန့်ရှိရာမီးဖိုချောင်ကို ရိပေါ်လာခေါ်လေသည်။

" ကိုကို​ေရ "

" အာ...ကလေးလေး ဗိုက်ဆာနေပြီလား ခဏလေးနော် "

" မဟုတ်ဘူး အိမ်ရှေ့မှာ ကျန်းချန်တို့ရောက်နေတယ် "

" ဟမ်..ဒီအချိန်ကြီးဘာလာလုပ်ကြတာလဲ "

" မသိဘူး..ကိုကိုနဲ့တွေ့ချင်လို့တဲ့ "

" ဘာလာရှုပ်ပြန်ပြီလဲမသိဘူး "

နှစ်ယောက်သားစိတ်ရှုပ်ရှုပ်နှင့် ကျန်းချန်တို့ရှိရာထွက်လာကြကာ လာရင်းကိစ္စကိုမေးလိုက်တော့သည်။

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Opowieści tętniące życiem. Odkryj je teraz