3 (Uni Zawgyi)

2K 186 0
                                    

❤ ကျွန်တော့်ရဲ့ကောင်လေး 💚

အပိုင်း(၃).....💞

မနက်ရောက်တော့ ရိပေါ်လည်း ရှောင်ကျန့်ကိုပေးထားသည့်ကတိအတိုင်း မနက်စာရောနေ့လည်စာပါ တာဝန်ယူရန် မရှိမယ့်ရှိမယ့်ပိုက်ဆံလေးတွေကိုထုတ်ကြည့်နေသည်...

ရှောင်ကျန့်ကတော့ အတန်းကိုသွားနှင့်ပြီပေါ့..

စာသင်ချိန်မရောက်ခင် အမှီလာပို့ရမည်ဟု ပိုင်စိုးပိုင်နက်အမိန့်ပေးသွားသောသူကိုလည်း မေတ္တာပို့ရင်း ကန်တင်းကမုန့်ဆိုင်တွေစီလျှောက်လာလိုက်သည်...

ဘာဝယ်ရမလဲဆိုတော့ ရှောင်ကျန့်စားနေကျပေါင်မုန့်နဲ့ နွားနို့လို့ပြောလိုက်ရင်ရတယ်တဲ့လေ...

သူပြောတဲ့အတိုင်းသွားဝယ်တော့တာပေါ့..

ဝယ်လည်းဝယ်ပြီးရော ရှင်းရမယ့်ပိုက်ဆံက သူ့တစ်ပါတ်စာမုန့်ဖို့လောက်ရှိတယ်..

ဒီလောက်စျေးကြီးတာကို နေ့တိုင်းစားနေတာ သူ့လျှာတော်တော်ကြီးကျယ်တာပဲ..

ရိပေါ် မုန့်ဝယ်လာရင်း အကမေဂျာကိုလမ်းလျှောက်ရင်း ပါးစပ်ကလည်းမေတ္တာပို့ရင်းပေါ့..

ရှောင်ကျန့်ကတော့ အခန်းတံခါးဝမှာ မတ်တတ်ရပ်ရင်းလက်ပိုက်ကာစောင့်နေသည်..

အတန်းထဲကသူ့ခုံပေါ်မှာတော့ ကောင်မလေးတွေပေးထားတဲ့မုန့်တွေမှတန်းစီလို့..

သူယူတာမဟုတ်ဘူး ကောင်မလေးတွေက လာလာထားသွားကြတာ..

အဲ့ဒီအရှုပ်ထုတ်မုန့်တွေကိုတော့ ကျန်းချန်ကိုပဲ စွန့်ကျဲလိုက်သည်..

ရှောင်ကျန့်လက်ပိုက်ကာ လေတချွန်ချွန်ဖြင့် ရပ်စောင့်နေတုန်း ရိပေါ်အပြေးလာနေသည်..

နောက်ငါးမိနစ်ဆိုရင် စာသင်ချိန်ရောက်ပြီမို့ အချိန်မှီပြေးလာနေသော ကောင်လေးအား အားရစွာပဲကြည့်နေလိုက်၏..

" ဟူး......ရော့..ရှောင်ကျန့် "

မောနေတာ အသက်ကိုဝအောင်ရှူရင်း မုန့်ထုတ်လေးကိုကမ်းပေးလာသည်..

ရှောင်ကျန့်ယူလိုက်ကာ နှုတ်ခမ်းတစ်ခြမ်းပဲကွေးလျက်ပြုံးလိုက်၏..

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Donde viven las historias. Descúbrelo ahora