8 (Uni Zawgyi)

2.1K 188 3
                                    

❤ ကျွန်တော့်ရဲ့ကောင်လေး 💚

အပိုင်း(၈).....💞

ရှောင်ကျန့် မုန့်စားပြီး note တွေ ပြန်မှတ်နေရင်း သံစဉ်တွေပါကြည့်နေသည်..

အကမေဂျာဆိုတော့ ထင်သလောက်မရိုးရှင်းတဲ့ သင်ခန်းစားတွေကြား ဘွဲ့ရကိုရမှဖြစ်မည်လေ..

အဖေဖြစ်သူရဲ့စီးပွားရေးတွေကို စိတ်မဝင်းစားတာတစ်ကြောင်း ကျောင်းကိုလည်းအမွေဆက်ခံမဦးစီးချင်တာတစ်ကြောင်း နဲ့ အကသင်တန်းလေးဖွင့်ချင်သည်..

Dancer တစ်ယောက် အဖြစ် အနုပညာလောကထဲ ဝင်ရောက်ရန် စိတ်ကူးမရှိသော်လည်း အနုပညာကိုချစ်သည်..

အမေမွေးကတည်းက ကိုယ်လုပ်ချင်ရမှလုပ်တတ်သောစိတ်ကြောင့် သားလိမ္မာဂုဏ်ပုဒ်မရထားသော်ငြား ကိုယ့်ခံယူချက်ကြောင့် မိဘတွေကိုလည်းစိတ်မဆင်းရဲစေခဲ့ဘူးပါ..

ကျန်းချန်ကတော့ သူနဲ့မတူ..

မိဘတွေကိုအဖားတော်လွန်း၍ ဖားမင်းသားဆုရထားသူ..

သူဖြစ်ချင်တာက မော်ဒယ်မင်းသားတဲ့..

သို့သော်လည်း အကိုဖြစ်သူရှောင်ကျန့်တက်သည့်မေဂျာကိုယူကာ ဘွဲ့ရရင် အကသင်တန်းအတူဖွင့်ကြမယ်တဲ့လေ..

ရှောင်ကျန့်မှာ ရှင်သန်ခြင်းနဲ့ ပတ်သတ်တဲ့လျှို့ဝှက်ချက်တစ်ခုရှိနေတယ်..

မွေးရာပါမဟုတ်သော်လည်း အလယ်တန်းနှစ်ကစသည်ဆိုပါတော့..

ရိပေါ်ကိုတစ်ခါပြောဖူးသလိုပဲ ' ငါ့ဘဝက ခံစားချက်မရှိအောင်နေမှ ရှင်သန်နိုင်မှာ ' ဆိုတဲ့စကားက အတည်ပင်..

ရှောင်ကျန့် လူတွေအပေါ်အထင်မကြီးသလိုအထင်လည်းမသေးဘူး..

သူ့အမြင်မှာအားလုံးကတန်းတူချည်းပဲ..

သူလက်မခံနိုင်ဆုံးစကားနှစ်ခွန်းက ' ကျေးဇူးတင်ပါတယ် ' နဲ့ တောင်းပန်ပါတယ် ဆိုတဲ့စကား..

အဲ့နှစ်ခွန်းကို သူအထင်မကြီးဘူး..

ပေါ့ပေါ့တန်တန်လေးပြောလွယ်ကြအောင် ဖြစ်တည်လာသလားထင်ရတဲ့စကားလုံးတွေ..

ပါးနဲ့မားကိုလည်း ကျေးဇူးတင်တယ်ပြောခဲ့တဲ့သူတွေ တစ်ပုံကြီး..

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE حيث تعيش القصص. اكتشف الآن