7 (Uni Zawgyi)

2K 185 2
                                    

Unicode
❤ ကျွန်တော့်ရဲ့ ကောင်လေး 💚

အပိုင်း(၇)....💞

ရှောင်ကျန့် အတန်းထဲရောက်တော့ ခြေလှမ်းတွေတောင်ရပ်သွားရသည်..

ကျန်းချန်က ငိုမဲ့မဲ့ရုပ်ဖြင့် မျက်ကွင်းတစ်ဖက်လည်းညိုနေတယ်..

မနေ့က ကျင်းရီကိုသွားတောင်းပန်မယ်ဆိုပြီးလိုက်သွားတာ ဘာတွေဖြစ်လာလဲမသိဘူး..

" ရှောင်ကျန့်ကောရယ်.. ညီလေးအဖြစ်ကိုကြည့်ပါအုံး အီးဟီး...."

" ငိုမနေနဲ့ လှတာလည်းမဟုတ်ဘူး..

ဒါနဲ့မင်းဘယ်လိုဖြစ်တာတုန်း "

" လာ..ထိုင်.. ပြောပြမယ် "

ရှောင်ကျန့် ခုံမှာဝင်ထိုင်လိုက်မှ ကျန်းချန်ကအနားကပ်ကာ ပြောပြ၏..

" ငါကွာ.. မနေ့ကကျင်းရီကိုလိုက်တောင်းပန်တာ.."

" သိတယ်လေ "

" အေး လိုက်တောင်းပန်တော့ အခုလိုမျက်ကွင်းတစ်ဖက်ညိုသွားတာကွ သူငယ်ချင်းအချင်းချင်းရက်စက်တယ်ကွာ သူ့ လက်သီးကတော်တော်ပြင်းတယ် "

" အဟား.. အဲ့တော့ သူခွင့်မလွှတ်ဘူးပေါ့ "

" မသိပါဘူးကွာ မနက်ကကျောင်းလာတုန်းကတော့ တွေ့တယ် ငါ့ကိုစကားမပြောဘူး "

" ငါ့ညီ ငါ့ညီ မင်းကိုက တလွဲနိုင်တာ..

စုန့်ရီကို စာမှားပေးမိရင်ထားတော့ အခုဟာကကျင်းရီကိုမှ.."

" သူ့ဘတ်အိတ်နဲ့ ဆရာမဟော်ဘတ်အိတ်ကတူနေတာကိုကွ.."

" ထားလိုက်တော့ "

" ထားလို့မရဘူးလေ သူမခေါ်ရင်ငါမနေတတ်ဘူး ပြီးတော့ သူခွင့်လွှတ်တယ်မပြောမချင်း အပြစ်ရှိတယ်လို့ငါခံစားနေရမှာ "

" အဲ့တော့ မင်းကဘာလုပ်ဖို့လဲ "

" သူကျေနပ်တဲ့အထိတောင်းပန်မယ်ကွာ "

" သဘောပဲ "

" ဒါနဲ့ မင်းနဲ့ငါ့ယောက်ဖ အတူတူလာလို့ပါလား ငါတွေ့လိုက်တယ်နော် "

" အကြောင်းရှိလို့လေ ပြီးတော့ငါတို့လည်းသူငယ်ချင်းတွေပဲ "

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Dove le storie prendono vita. Scoprilo ora