2 (Uni Zawgyi)

2.5K 218 4
                                    

❤ကျွန်တော့်ရဲ့ကောင်လေး💚

အပိုင်း(၂)....💞

နောက်တစ်နေ့ကျောင်းတက်ချိန်...

ရှောင်ကျန့်လည်း ရိပေါ်ကို အဖေက်မလုပ်သလို ရိပေါ်လည်းအရေးမလုပ်ပါ...

ရိပေါ် စိတ်ထဲဘယ်လိုမှ ရှောင်ကျန့်ကို ခင်လို့မရဘူး..

အဆောင်သာတစ်ခန်းတည်းနေရတာ သူရှိတယ်လို့မထင်သလိုကိုယ်ရှိတယ်လည်းမထင်လောက်ဘူး..

သွားတာကတော့ ကိုယ့်မေဂျာကိုယ်သွားတာပါ..

မေဂျာ၂ခုက အပေါ်နဲ့အောက်ဆိုတော့ သွားနေတာက ရှေ့ဆင့်နောက်ဆင့်...

ရှေ့ကသွားနေတဲ့ ရှောင်ကျန့်ရဲ့ကျောပြင်ကို ရိပေါ် ကြည့်နေကာ မျက်နှာကရှုပ်မဲ့လျက်...

ဘောင်းဘီအိတ်ကပ်ထဲလက်လေးထိုးကာ စတိုင်ကျနေသာ ရှောင်ကျန့်မှာ ကောင်မလေးတွေမျက်လုံးထဲမှာ နတ်သားတစ်ပါးလိုပင်...

တည်ငြိမ်သည်ကိုက ရင်ခုန်စရာ type လေး...

လွယ်အိတ်ကိုတစ်ဖက်တည်းလွယ်ကာ အဖြူရောင်အင်္ကျီလေးနဲ့သန့်နေတာ လမ်းတစ်လျှောက် မိန်းကလေးတွေရဲ့အကြည့်တွေကသူ့စီမှာ...

အသားညိုပြီးယောက်ျားပီသလွန်းတာက မိန်းကလေးတွေရဲ့အိပ်မက်မင်းသားလေးလိုပင်...

ရှောင်ကျန့်လမ်းလျှောက်နေတုန်း ကျန်းချန်ပြေးလာကာ ပုခုံးကို လာပြေးဖက်၏...

" ရှောင်ကျန့်..

ဘယ်လိုလဲ မင်းအခန်းဖော်နဲ့အဆင်ပြေလား "

" အခန်းဖော်ကဘယ်သူလို့မင်းထင်လဲ "

" ဘယ်သူမို့လဲ.."

" မနေ့ကငါ့ကိုဝင်တိုင်တဲ့တစ်ယောက် "

" ဘာကွ.. သူတဲ့လား "

" ဟုတ်တယ် "

" ဘာပဲဖြစ်ဖြစ် အဆင်ပြေအောင်နေပါ "

" ငါ့ကိုတော့အဆင်ပြေအောင်နေဟုတ်လား..

မင်းပဲငါနေရမယ့်အခန်းကို ပါးစီကတောင်းပြီး ငါ့ကိုအဲ့အခန်းပို့တာလေ..

မင်းကျေးဇူးကြောင့် ထွက်ပြေးချင်နေပြီ "

" အာ... အကိုကြီးရယ် စိတ်လျှော့ပါ ညီလေးမှားမှန်းသိပါပြီ "

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Où les histoires vivent. Découvrez maintenant