Extra (ui zawgyi)

1.9K 116 10
                                    

Unicode
❤ကျွန်တော့်ရဲ့ကောင်လေး💚

Extra💞

13th Anniversary

ဒီနေ့ကတော့ ပါပါးနှစ်ယောက်ရဲ့ ၁၃နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ဖြစ်တာမို့ သားသမီး၅ယောက်အလုပ်ရှုပ်နေကြ၏။

ကျန်းချန်နဲ့ကျင်းရီကလည်း သူငယ်ချင်းနှစ်ယောက်အတွက် surprise လေးတစ်ခုဖြစ်စေရန် စီစဉ်ပေးနေကြလေ၏။

ရိပေါ်ကတော့ ရှောင်ကျန့်ကုမ္ပဏီကို လိုက်သွားသည်မို့ နှစ်ယောက်လုံးအိမ်မှာမရှိကြပေ။

ထို့ကြောင့် surprise လေးလုပ်ရန် အချိန်ရကောင်းရနေသည်ပေါ့။

ယခုဆို သားအကြီးဆုံး အားယွမ်ခေါ် ဖန်ရှင်းကလည်း ၁၈နှစ်တောင်ပြည့်နေပြီမို့ အားကိုးရသောသားတစ်ယောက်ဖြစ်နေပြီဖြစ်သည်။

ဒုတိယမြောက်သားကတော့ ၁၇နှစ်မပြည့်သေးတာတောင် ပြဿနာအလီလီလိုက်ရှာတတ်သော ဟောက်ရွှမ်းပင်ဖြစ်သည်။

တတိယသား ဘိုဝမ်ကတော့ ၁၅နှစ်လောက်ရှိပြီဖြစ်ပြီး သူ့အထက်ကအစ်ကိုဟောက်ရွှမ်းနှင့်မတည့်ပေ။

လေးယောက်မြောက်သားကတော့ ပါးချိုင့်လေးနှစ်ဖက်နဲ့ချစ်စရာကောင်းသလောက် အကြံသိပ်ကြီးသောမုန့်ယောင်ပင်။

သူအကြံဘယ်လောက်ကြီးသလဲဆို အစ်ကိုနှစ်ယောက်ဖြစ်သော ဟောက်ရွှမ်းနှင့်ဘိုဝမ်အား ရန်ဘက်ဖြစ်နေခြင်းသည်သူ့ကြောင့်ဖြစ်သည်။

အငယ်ဆုံးသမီးလေး ကျောင်းကျောင်းကတော့အလှကြိုက်သလောက် အတော်စိတ်ပုတ်တာမှ အစ်ကိုတွေတောင်မနိုင်ပေ။

သို့သော်သူတို့ငါးယောက်တည့်သောအချိန်သည် ဒယ်ဒီရှောင်ကျန့်နဲ့ပါပါးဝမ်ရိပေါ်ရှေ့တွင်သာ။

အဖေနှစ်ယောက်ကိုကြောက်တာမှဖြင့် ၅ယောက်လုံး တိုင်ပင်ကိုက်စရာမလိုအောင် ငြိမ်ကုပ်နေကြလေရဲ့။

အခုလည်းဒယ်ဒီနဲ့ပါပါးတို့ရဲ့ anni မို့ မျက်နှာချိုသွေးကြရန် ၅ယောက်သားကြိုးစားနေကြလေသည်။

သားအကြီးဆုံးကတော့ သူ့အားအရမ်းကိုကူညီပေးချင်နေပါသော ဆရာလေးယွီပင်းအား အိမ်ထိခေါ်လာကာဝိုင်းကူစေလေသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Oct 01, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Donde viven las historias. Descúbrelo ahora