5 (Uni Zawgyi)

2.1K 175 0
                                    

Unicode
❤ ကျွန်တော့်ရဲ့ ကောင်လေး 💚

အပိုင်း(၅)....💞

ဆွဲကြိုးပျောက်သွားလို့ ရှာနေတဲ့ ရှောင်ကျန့်မှာ ချွေးများတောင် ပြန်လို့..

ရိပေါ်လည်း ဒီအတိုင်းနေတာမကောင်းတာနဲ့ မေးတော့မေးလိုက်သည်..

" ဘာဆွဲကြိုးလဲ ရှောင်ကျန့် "

" ငါ့ဆွဲကြိုး ငါအမြဲဆွဲနေကျ "

" ငါလည်းသတိမထားမိဘူး "

" မနေ့ကထိငါဆွဲထားတယ် ဘယ်အချိန်ပျောက်သွားတာလဲကွာ.."

ဆွဲကြိုးပျောက်သွားတော့ ရှောင်ကျန့်စိတ်တွေတိုနေသည်..

အသဲတစ်ခြမ်းဆွဲကြိုးလေးက မားရဲ့အချစ်ကိုကိုယ်စားပြုတယ်..

၁နှစ်ပြည့်ကလေးဘဝကတည်းက မားပေးခဲ့တာ..

အမြဲတမ်းလည်း ဆွဲခဲ့သည်..

မားပေးတဲ့ဆွဲကြိုးလေးကို ကိုယ်တိုင်လည်းအရမ်းသဘောကျသလို တန်ဖိုးထားတယ်..

အနှစ်နှစ်အလလအတူရှိနေတဲ့ ဆွဲကြိုးလေးပျောက်သွားတော့ ရှောင်ကျန့်မှာရူးမတက်ပါပဲ..

" အဲဒါမင်းကြောင့်.."

စိတ်ကတိုနေတော့ ရိပေါ်ကို လက်ညှိုးထိုးကာ ကျိန်းသွားသည်..

ထို့နောက် အင်္ကျီတစ်ထည်ဆွဲယူကာ အခန်းထဲမှ ထွက်သွား၏..

ရိပေါ်လည်း သူ့ကို မဲသွားတဲ့ ရှောင်ကျန့်ကိုတင်းသွားပြန်သည်..

" ငါ့ကြောင့်များဖြစ်ရသေး..

ငါကသူ့ကိုကယ်ခိုင်းနေတာကျလို့..

သူ့ပါ့သူကယ်ခဲ့ပြီးတော့များကွာ..

တကယ်ကို ဥစ္စာရူး "

ရိပေါ်က သနားဖို့ပဲရှိသေး ဘာရေစက်ကြောင့်လဲမသိဘူး တည့်ကိုမတည့်ကြတာပါ..

ရှောင့်ကျန့် လမ်းလျှောက်ရင်း အင်္ကျီကြယ်သီးတွေကိုလည်း မြန်မြန်တပ်ရင်း ခြေလှမ်းက ဌာနဟောင်းစီဦးတည်နေသည်..

ဌာနဟောင်းသို့သွားရာလမ်းတစ်လျှောက် ဆွဲကြိုးကိုလည်းရှာသည်..

ကျွန်တော့်ရဲ့ကောင်လေး(ZhanYi) COMPLETE Tempat cerita menjadi hidup. Temukan sekarang