Unicode
ရင်ထဲ ဝင်လာပြီဖြစ်သော ငြိမ့်တည် ၅
တုန်ယင်နေသော လက်တို့ကို အံကြိတ်ကာ
မသိချင်ယောင်ဆောင်ရင်း ကြမ်းပြင်ထက်ကို
ပိုအားခဲကာ ထောက်ထားလိုက်သည်။
နာကျင်လာသော ခါးထဲက တဆစ်ဆစ်နဲ့
ဖြစ်လာပေမဲ့ ငြိမ့်တည်အရှုံးမပေး။ နောက်ထပ် စက္ကန့်ပိုင်းလောက်ကို စိတ်နှင့်
ရေထွက်လို့ ပေတေ ကြိုးစားနေမိသည်။"ရှစ်..ခုနှစ်..ခြောက်..ငါး..လေး..
သုံး..နှစ်..တစ်..အား..."
ပြားပြားဝပ်သွားတဲ့ ဗိုက်က ကြမ်းပြင်မှာ
ကပ်လို့သွားပြီး တင်းထားသမျှတွေ
အကုန်ပြေလျော့သွားသလို ခံစားလိုက်ရသည်။ချွေးအအေးပတ်မည် စိုးတာကြောင့်
ချက်ချင်းထကာ ဒီးဒီးကျနေသော ချွေးတို့ကို
ချွတ်ထားတဲ့ စပို့ရှပ်လေးနှင့် ဆွဲသုတ်လိုက်၏။ ခပ်မို့မို့ ကျန်နေသေးတဲ့ ဗိုက်ကလေးက ချွေးတွေစိုလို့။ အဆီရစ်တွေ
ကျန်မနေတော့ပေမဲ့ ပိုပြီးအားစိုက်လုပ်ဖို့
လိုနေသေးတာကို သတိထားမိသည်။"ဟူး... ပိန်ရတာ လွယ်မနေဘူး"
ညည်းညူလိုက်ပြီးမှ ကုတင်ပေါ် တင်ထားသည့် ရေဘူးကို ယူကာ အခန်းပြင်ထွက်လာခဲ့လိုက်သည်။ သူ အိပ်ခန်းကို မောင်ပိုင်စီးထားတာ မနက်၇နာရီလောက်ကတည်းကပင်။ ရုံးပိတ်ရက်မို့ စောစောထစရာ မလိုတာကြောင့်သာမဟုတ်ရင် သူ၆နာရီဆို ထပြီး
လေ့ကျင့်ခန်းလုပ်ရပြီဖြစ်သည်။ငြိမ့်တည်က ဟိုးအရင်ကတည်းက ရုပ်ပိုင်းဆိုင်ရာ သန်မာလွန်းခြင်းမရှိ။ မေမေတို့ရှိကတည်းက အစားများလို့ ခပ်ပြည့်ပြည့်လေး
ဖြစ်နေတာကလွဲရင် သန်မာဖို့တော့ လိုအပ်သေးသည်။ ထို့အပြင် အတူနေသူက
ကိုလှိုင်းဆက် ဖြစ်နေသောအခါ ပိုပြီးတော့ပင် သူအားစိုက်ထုတ်ရတော့သည်။မြင့်မားတဲ့ အရပ်အပြင် တောင့်တင်းတဲ့
ကိုယ်ထည်ပါ ရရှိထားတဲ့ ကိုလှိုင်းဆက်က
ငယ်တုန်းက အားကစား လိုက်စားခဲ့သူဖြစ်မည်။ ခုလည်း အထူးတလည် လေ့ကျင့်ခန်း
လုပ်တာမျိုး မရှိသည့်တိုင်အောင် ရေချိုးခါနီးတိုင်း ဒိုက်ထိုးတာ ၊ အိပ်ထမတင် လုပ်တာမျိုး လုပ်နေတတ်သည်။

DU LIEST GERADE
ငြိမ့် (COMPLETED)
Romantik(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available