Chapter-7

44.4K 4.6K 139
                                    

Unicode

ပထမဆုံးသော ဝန်ခံချက်

အဖြူရောင် ဆလွန်းကားလေးသည်
ရန်ကုန် - မန္တလေး အမြန်လမ်းတစ်လျှောက်
ပေါ့ပါးစွာမောင်းနှင်လို့နေပြီး ပြင်ပရှိ
နေအပူရှိန်မှာ များပြားလှပါသည့်တိုင်
ကားအတွင်းတွင်တော့ လေအေးပေးစက်ကြောင့် အေးမြလျက်ရှိသည်။
လတ်ဆတ်သော ရေမွှေးနံ့ သင်းသင်းအပြင်
စောစောကမှ ချိတ်ထားပါ‌သော ကားမှန်ရှိ
စံပယ်ပန်းရနံ့တို့က လှိုင်ကာ ထွက်ပေါ်နေတော့၏။

ကားလေးဟာ မနက် ၆ နာရီခန့်မှစ၍ ရန်ကုန်မှ စတင်ထွက်ခွာလာကာ လမ်းရှိ ရိုးရှင်းသော
လက်ဖက်ရည်ဆိုင်တစ်ခုတွင် နှစ်ယောက်သား မနက်စာ စားသောက်ခဲ့ကြပြီးနောက်
ကားတိုးဂိတ်မှ လွဲလျှင် ရပ်နားခြင်းမရှိခဲ့ကြ။

ကားထဲမှာ သီချင်းသံတိုးတိုးသာရှိသော ပျံ့လွင့်နေပြီး လှ်ိုင်းဆက်ကတော့
ကားစီရီယာတိုင်ကို လက်ချောင်းထိပ်ကလေးများနှင့် အသာခေါက်လို့နေသည်။
ကြိုတင်စစ်ဆေးထားသော ကားသည်ကား
အင်ဂျင်ဆီ ၊ စက်ဆီ အပြည့်အစုံနှင့် သွက်လက်စွာ မောင်းနှင်လျက်ရှိ၏။

လှိုင်းဆက်က ပုံမှန်လည်း အလုပ်ကိစ္စများကြောင့် နေ့နေ့ညည ကားတစ်စီးနှင့် သွားရတာတွေရှိပေမဲ့ ဒီခရီးကတော့ တစ်သက်တာ
နေရမည့်အိမ်ကို ပြန်ရပါသလိုမျိုး ဝမ်းနည်းချင်စဖွယ်ခံစားချက်မျိုးကိုပါရသည်။
သို့သော် ဝမ်းနည်းမှုရယ်လည်း မဟုတ်ပေ။
မပြောတတ်သောငြား အခြေတကျဖြစ်လာမည့်ခံစားချက်ဟာ သူ့ဆီမှာဖြစ်ပေါ်နေတော့သည်။

ဟုတ်သည် သူက ငြိမ့်တည်နောက်ကို
လိုက်ခဲ့ရတာပင်။ အစကတည်းက မေမေက
အလုပ်ထွက်ပြီးတဲ့နောက် တစ်ဖက်လူရဲ့
အိမ်မှာနေပြီး တခြားအလုပ်ရှာဖို့ ဒါမှမဟုတ်
အရင်းအနှီးနဲ့လုပ်ငန်းစတင်ဖို့ သူနဲ့ဆွေးနွေးခဲ့ပြီးသားမို့ အထူးတလည် ပြင်ဆင်စရာမရှိ။
သို့သော်လည်း ငြိမ့်တည်သည်ကား သူ့ထက်
၁၃နှစ်တောင်ငယ်သော ကောင်လေး။
သူ့မွေးမှ သူ့သားလောက်အရွယ်ဆိုလည်းမမှား။

ဒါကို သူက ဒီကလေးရဲ့အိမ်မှာလိုက်နေဖို့ဖြစ်လာခဲ့ပြီ။ ကသိကအောက်ဖြစ်သည်မဟုတ်သော်လည်း လူကြီးတစ်‌ယောက်အနေနဲ့ နည်းနည်းတော့ မျက်နှာပူဖို့ကောင်းပါသည်။

ငြိမ့် (COMPLETED)Nơi câu chuyện tồn tại. Hãy khám phá bây giờ