Chapter -6

48K 5.1K 200
                                    

Unicode

ထိမ်းမြှားခြင်း သင်္ကေတ

ညနေ သုံးနာရီကျော်ကာလ...။
နေမင်းသည်ကား ခပ်ပြင်းပြင်းတောက်ပဆဲ။
ရန်ကုန်ရဲ့ ရာသီဥတုက အနည်းငယ်
အိုက်စပ်စပ်ရှိသည့်တိုင် အခန်းတွင်းရှိ
လေအေးပေးစက်ကြောင့် အတော်လေး
သက်တောင့်သက်သာဖြစ်လို့နေသည်။

တိတ်ဆိတ်သော အခန်းအတွင်း
ကုတင်အောက်ခြေရှိ ကတ္တီပါကောဇော်ပေါ်
အသာထိုင်နေကြသူနှစ်ယောက်ကတော့
သတို့သား အသစ်စက်စက်များဖြစ်သည့်
လှိုင်းဆက်နှင့် ငြိမ့်တည်ပင်။

လှိုင်းဆက်.. သူ ငြိမ့်တည်ကိုပြန်ခေါ်လာတော့
မေမေက သူမ၏ ပြန်ခါနီး ဧည့်သည်များအား နှုတ်ဆက်နေဆဲ။ တကယ်တော့
လှိုင်းဆက်က ကောင်‌လေးကို ထမင်းစားဖို့အတွက် ခေါ်ခဲ့တာပေမဲ့ မေမေ့ရဲ့
လာနှုတ်ဆက်ပါအုန်းကွယ်ဆိုတဲ့ စကားမှာ
သူတို့နှစ်ယောက်လုံး တစ်နာရီနီးပါး ငုတ်တုပ်ထိုင်နေခဲ့ရသည်။ လှိုင်းဆက်ကတော့ နဂိုကတည်းက ခပ်အေးအေးသမားပီပီ
အပြုံးလေးနဲ့ ခေါင်းငြိမ့်ရုံကလွဲ မရှိ။
ကောင်လေးကတော့ မျက်လုံးဝိုင်းလေးများဖြင့် မပျင်းမရိ‌နားထောင်ရင်း အန်တီကြီးများရဲ့ စကားဝိုင်းထဲ ဝင်ရောက်လို့သွားသည်။

သူတို့ဟာ ယောက်ျားချင်း မင်္ဂလာဆောင်သည့်ပွဲကိုလာသော ဧည့်သည်များနှင့်မတူစွာ
ကားလုပ်ငန်းအကြောင်း ၊ ရွှေ‌ဈေးနှင့်
ရိုးရာဆေးများအကြောင်း စသည်ဖြင့်
များပြားလှသော ခေါင်းစဉ်များကို ဆွေးနွေးနေခဲ့ကြပြီး ကောင်လေးကတော့ အမေးများကို ဗျ ဗျ နှင့် စိတ်ရှည်လက်ရှည် ဖြေနေခဲ့သည်။

ဆယ်ကျော်သက်ကလေးရဲ့ လူကြီးများကြား
မျက်နှာတစ်ချက်မပျက် သည်းခံနိုင်မှုက
လှိုင်းဆက်ကို မျက်ခုံးမပင့်စေပဲ မနေနိုင်။
သူ့လို သုံးဆယ်ကျော် ဦးလေးကြီးတောင်မှ
အသက်ကြီးတဲ့သူတွေ စကားဝိုင်းမှာ ဝင်ပြောဖို့ အာရုံသိပ်ရှိလှသည်မဟုတ်။
သူတို့ရဲ့ တဖက်သတ်ထင်မြင်ချက်များကိုသာ ထောက်ခံစေလို့သည့် စကားဝိုင်းများဆိုတာ သိသာလွန်းလှသည်မဟုတ်ပါလား။

လူငယ်လေးကတော့ သက်တောင့်သက်သာ
ဖြစ်စွာနှင့် ပြောဆိုနားထောင်နေပြီး
အဲ့ဒီမြင်ကွင်းက လှိုင်းဆက်ကို အာရုံပိုစိုက်စေသည်။သူတို့နှစ်ယောက်လုံး ယောက်ျားချင်းလက်ထပ်ထားတာဖြစ်ပါလျက်၊ ဂေးတွေဖြစ်ပါလျက်နှင့် အကြီးဖြစ်တဲ့သူက
ရှက်ရွံ့ခြင်း မသက်မသာဖြစ်ခြင်းနဲ့
အပြစ်ရှိခြင်းတို့ကိုခံစားနေရပြီး သူ့ထက်
အများကြီးငယ်ရွယ်တဲ့ မိဘမဲ့ကောင်လေးကတော့ ဘာအမှားမှမလုပ်ထားပါဟန်
ရဲရဲရင့်ရင့် သွက်လက်မှုတို့နှင့် ပြည့်နှက်လို့နေသည်။ လှိုင်းဆက်သည် အားကျသလို ခံစားချက်မျိုးပင် ခံစားလိုက်ရ၏။

ငြိမ့် (COMPLETED)Wo Geschichten leben. Entdecke jetzt