Chapter-28

31.9K 3.1K 74
                                    

Unicode

ချစ်မိပြီးနောက်နေ့ရက်များ ၅

(ပြန်မဆုံချင်သော သူ)

တကယ်လို့များ အဲ့ဒီမျက်နှာကို ပြန်တွေ့ရမည်ဆိုရင် လှိုင်းဆက် ဒီတံခါးကို ဖွင့်မိမည်
မဟုတ်။ တစ်ဖက်မှာ ဒီလူရှိနေတယ်ဆိုတာသာ တစ်ယောက်ယောက်က ကြိုပြောခဲ့မည်ဆိုရင် ဘာတွေဖြစ်နေနေ လုံးဝသွားဖြစ်မည်
မဟုတ်ပါ။

မိုးကြိုးပစ်ခံလိုက်ရသလို ခံစားချက်ကြောင့်
ကြက်သေသေလို့သွားရပြီး ၊ သူ့အသိဉာဏ်တွေကိုတောင် ခဏလောက် ဆုံးရှုံးသွားရသည်ထင်သည်။ ဘာကိုမှ မသိတော့ မကြားတော့ မမြင်တော့သလို
ကြောင်အစွာ ငေးကြည့်နေမိခဲ့သည်။

တစ်ဖက်လူရဲ့ ပါးစပ်အဟောင်းသား
ဖြစ်နေမှုနှင့် သရဲတစ်ကောင်တွေ့သလို
ရွံရှာကြောက်ရွံ့မှူတွေက သူ့ကို အေးစက်လာစေပြီး  တစ်ဆက်ထဲမှာပဲ ရင်ထဲမှာ မီးမြိုက်မြိုက်တောက်လာခဲ့စေသည်။
သွေးတွေတောင် ပြောင်းပြန်စီးဆင်းကုန်ပြီလား မသိနိုင်။ လှိုင်းဆက်တစ်ယောက်
အိမ်ကိုလာတဲ့ဧည့်သည်ကိုတောင် ဦးကြိုနှုတ်ဆက်နိုင်စွမ်း ပျောက်ဆုံးသွားပြီဖြစ်သည်။

"ဘယ်သူလဲဗျ ကိုလှိုင်းဆက် "
နူးညံ့သော အမေးသံနှင့်အတူ အနားရောက်လာတဲ့ ခြေသံလေးတွေ။

ဆတ်ခနဲဖြစ်သွားသော ရှေ့ကမျက်နှာကို
လှိုင်းဆက် သတိထားလိုက်မိသည်။
အံ့ဩမှုနှင့် စိတ်မသက်မသာ ဖြစ်မှုကို
တစ်ခါထဲ တွေ့လိုက်ရတဲ့အခါ လှိုင်းဆက်
စိတ်ထဲမှာတင်းခနဲ။ သို့သော်လည်း
မြတ်နိုးရတဲ့ သနပ်ခါးနံ့နဲ့ ခေါင်းလိမ်းဆီနံ့လေး အနားရောက်လာတဲ့အခါ လှိုင်းဆက်
အလိုလို အကြည့်တွေကို ကြမ်းပြင်ဆီ
ပို့လိုက်မိသည်။ မဝံ့မရဲ ဖြစ်မှုဟာ တားမရအောင် သူ့ဆီတိုးဝင်လာခဲ့တာကြောင့်ပင်။

"အယ် ဟိုအပါတ်က အိမ်ပြောင်းလာတဲ့
အစ်ကိုပဲ။ နေရတာ အဆင်ပြေရဲ့လားဗျ"

အိမ်ပေါက်ဝမှာ ပိတ်ရပ်နေတဲ့ လှိုင်းဆက်ရဲ့
ဘေးကနေ ခပ်ရို့ရို့ရပ်လို့ ‌ချိုသာစွာမေးနေတဲ့ကောင်လေး။ လှိုင်းဆက်ဆီ ဖျက်ခနဲ မော့ကြည့်တဲ့ မျက်ဝန်းဝိုင်းလေးတွေကို
သတိထားမိပေမဲ့ ရင်ဆိုင်ရဲစိတ်မရှိတဲ့ သူကတော့ အကြည့်တွေကို ရှောင်ဖယ်နေခဲ့ရသည်။ သူ့မျက်စိထဲ မြင်နေရတဲ့
ငြိမ့်တည်ရဲ့ ခြေချောင်းတုတ်တုတ်လေးတွေ
ကပင် ဗလာသပ်သပ်ဖြစ်နေ၏။

ငြိမ့် (COMPLETED)Tempat cerita menjadi hidup. Temukan sekarang