Unicode
ချစ်မိပြီးနောက် နေ့ရက်များ ၈
(ကိုလှိုင်းဆက်၏ အတိတ်)
ကျောင်း ဒုတိယအဖြတ်၏ ရက်သတ္တပတ်
ကာလတွင်ဖြစ်၏။ ကံ့ကော်မြေက
သူ့အလှနဲ့သူ တင့်တယ်နေပြီး ကျောင်းတက်သူတွေကလည်း အလှအသွေးကြွယ်နေကြဆဲဖြစ်သည်။လှိုင်းဆက်က ဖတ်လက်စ ကဗျာစာအုပ်ကို ကိုင်လျက် စာသင်ခန်းထဲ ဝင်လာတော့
မြနှိုင်းညိုက ထင်အောင်မြင်တို့ အုပ်စုအနားမှာ မတ်တပ်ရပ်လျက်ရှိနေခဲ့သည်။
နီညိုရောင် ပါတိတ်ဝမ်းဆက်ကို ဝတ်ဆင်ထားသော မြနှ်ိုင်းညိုက လက်ထဲမှာလဲ
စာအုပ်တစ်ချို့ကို ပွေ့ပိုက်လို့။"ဟေး ဆရာသမား ဒီမှာ မင်းဧည့်သည်
ရောက်နေတယ်ဟေ့"သူငယ်ချင်း တွေရဲ့ ခေါ်သံကြောင့်
လှိုင်းဆက် ထိုနေရာဆီ တည့်တည့်သွားလိုက်ပြီး မြနှိုင်းညို၏ ဘေးနားမှာ မတ်တပ်ရပ်လိုက်သည်။ ရပ်စရာ တခြားနေရာမရှိ၍ ဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက်
ထိမတတ်ဖြစ်နေတာမို့ အားနာမိပေမဲ့
လှိုင်းဆက်မှာ ရွေးစရာမရှိ။ လက်ထဲက စာအုပ်ကို ခုံပေါ်တင်ပြီး စကားဝိုင်းကို ဝင်လိုက်ရ၏။"လှိုင်းဆက်က တက္ကသိုလ် ဘုန်းနိုင်ကို
တော်တော်လေး သဘောကျတယ်ထင်တယ်"မြနှိုင်းညိုရဲ့ ချိုမြသောအသံက ဘေးကနေ
ခပ်တိုးတိုးထွက်ပေါ်လာသည် မို့ လှိုင်းဆက်က လက်တင်ထားရာ စာအုပ်ကို တစ်ချက်ကြည့်လိုက်မိ၏။ ပြီးနောက် မြနှိုင်းညို ပြောခဲ့သလောက် လေသံနှင့်ပင် ခပ်တိုးတိုး တုန့်ပြန်လိုက်သည်။"သူ့စာအုပ်တွေကို အဖတ်အများဆုံးပါ"
"တို့လည်း သူ့စာအုပ်တွေဖတ်ဖြစ်တယ်
ဒါပေမဲ့ အများကြီးတော့ မဖတ်ဖူးဘူး"မြနှိုင်းညိုက သူတို့ကြားက စကားဝိုင်းလေးကို တခြားသူတွေဝင်မပါစေချင်ပုံ။
အနားကပ်ကာ ခပ်တိုးတိုးပြောလာတာကြောင့် မိတ်ကပ်နံ့နှင့် ပေါင်ဒါနံ့တို့က
လှိုင်းဆက် နှာခေါင်းဆီ ပိုပြီးတိုးဝင်လာကြသည်။စကားဝိုင်းမှ လူတို့သည်ကား ထူးဆန်းလှစွာ။ သူတို့ကြားထဲ အကြည့်တစ်ချက်တောင် ပေးမလာခဲ့ကြပေ။
ESTÁS LEYENDO
ငြိမ့် (COMPLETED)
Romance(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available