Chapter-23

44K 3.7K 315
                                    

Unicode

ငြိမ့်အား ပိုင်ဆိုင်ရခြင်း

နှစ်ယောက်ကြား နားလည်မှု ယူခဲ့ကြပြီး
ရက်သတ္တပါတ် အတော်ကြာပြီးသည်အထိ
နေ့စဉ်ဖြတ်သန်းမှုက ပုံမှန်လေးဆက်ရှိနေခဲ့သည်။ နှစ်ယောက်သား အိပ်ရာအတူထ
စားစရာရှိဝာာ စားကြပြီးတာနှင့်
ကိုလှိုင်းဆက်က ငြိမ့်တည်ကို ဆိုင်ဆီလိုက်ပို့သည်။ ပြီးမှ ရုံးသွားတဲ့သူကို ကားကလေး ဝေးဝေးရောက်ကာ မျက်စိအောက်က ပျောက်သည်အထိ ငြိမ့်တည်လက်ပြတတ်တော့ ဆိုင်က လူတွေက စနောက်စမြဲ။

ကလေးဆန်သည်ပဲဆိုဆို ကိုလှိုင်းဆက်ကို
နှုတ်ဆက်ချင်တဲ့ စိတ်ကိုတော့ မထိန်းနိုင်ပါ။
ကိုလှိုင်းဆက်က ကားကို သေချာကို
ဖြေးဖြေးချင်းမောင်းထွက် တတ်တော့
ငြိမ့်တည်ခင်မျာ အကြာကြီးမတ်တပ်ရပ်လို့
နှုတ်ဆက်ရသည်။

နေ့ခင်း ထမင်းစားချိန်ဆို စားဖို့အဆင်ပြေရဲ့လား ငြိမ့်တည်ဖုန်းဆက်မေးချင်ပေမဲ့
ပိုရန်ကော ဆိုတာမျိုးမဖြစ်ချင်တာကြောင့်
အောင့်အီး သည်းခံနေရတတ်၏။
အလုပ်ရှုပ်နေမည့်သူကို ခဏခဏ
ဖုန်းဆက်လို့ကလည်း မကောင်း။ အသက်
ငယ်သေးပေမဲ့ ငြိမ့်တည်က ရင့်ကျက်ချင်သည်။

သူ့မှာ ရည်းစားသညာကလည်း မထားဖူး၊
တန်းလက်ထပ်လိုက်ရတော့လည်း
အသက်က အတော်ကွာတာကြောင့်
အရမ်း အသွက်ကြီးလဲ မလုပ်ရဲ။
ဒါတောင် ခုနောက်ပိုင်း သူတို့ကြားက
ဆက်ဆံရေးလေး အတော်တိုးတက်လာသည်
ဆိုရမည်။ ကိုလှိုင်းဆက်က ပါးကလေးကိုင်၊
နားကလေးကိုင် ၊ ခေါင်းကလေးကိုင်တော့
လက်ရဲလာပြီမို့။ မဟုတ်ရင် ဘုရားဖြစ်မဲ့
အုတ်နီခဲလိုမျိုး ငြိမ့်တည်ကို ထိတောင်မထိ။

ငြိမ့်တည်ကိုက ဖြစ်လွန်းတာပါဟု
ပြောရင်လည်း ခံရမှာပါပဲ။ ကြိုက်ပါတယ်
ဆိုတဲ့လူကြီး ဘေးထားပြီး ရယ်ပဲပြနေရသည်။တစ်လလဲ မတိုးတက် ၊ နှစ်လလဲ
မတိုးတက်၊အခုခြောက်လကျော် ခုနှစ်လထဲ ရောက်လာတော့ ငြိမ့်တည်လည်း မသိချင်ယောင်ဆောင်မနေချင်တော့။

သူ မရဲ ကိုယ်ရဲမှ ဆိုတဲ့အတိုင်း
ငြိမ့်တည်ဖက်ကပဲ ခြေလှမ်းတွေကို
ရှေ့တိုးလို့ ရင်ခွင်ထဲ တိုးပြန်တဲ့အခါများကျ
ပြန်ပွေ့ထားတတ်တဲ့ ကိုလှိုင်းဆက်။
သူ့မှာ ငြင်းဆန်လိုစိတ်တော့ ရှိပုံမပေါ်။
ဒါကို ပဲ ကျေးဇူးတင်နေရပါရဲ့။

ငြိမ့် (COMPLETED)Tahanan ng mga kuwento. Tumuklas ngayon