Chapter - 11

40.1K 4K 146
                                    

Unicode

နေ့ရက်များအား စတင်ခြင်း ၄

မန္တလေး ရောက်ပြီး သုံးရက်မြောက်နေ့။

တိုက်ခန်းကို ဟိုဟိုဒီဒီပြင်ဆင် ရတာနှင့်ပင်
သုံးရက်က တစ်ခဏအတွင်း ကုန်ဆုံးသွားခဲ့သည်။ လှိုင်းဆက်တို့ အိမ်ကို သေချာလေး သန့်ရှင်းလေးလုပ်ကာ ဧည့်ခန်းထဲကို ဖယောင်းပုဆိုးအသစ် ခင်းဖြစ်ခဲ့သည်။

မီးဖိုချောင် ဘေစင်ကိုလဲ လှိုင်းဆက်ကပဲ
တတ်သလောက်နှင့် ပြင်ခဲ့ရတာမို့ 
ဒီရက်တွေမှာ သူတို့ အလုပ်ရှုပ်နေခဲ့ကြတာဖြစ်သည်။

ဒီမနက်မှာတော့ ဆိုင်ကို ပြန်သွားရမဲ့
ငြိမ့်တည်က မနက်အစောကြီးထကာ တိုက်ခန်းထဲ တောင်တောင်မြောက်မြောက် ပြေးနေရှာတာမို့ လှိုင်းဆက်မှာ ဘုရားကန်တော့နေရင်း လှည့်ကြည့်လှည့်ကြည့်နှင့်။

မနက်ငါးနာရီ Alarmပေးထားတဲ့
ကောင်လေးကြောင့် လှိုင်းဆက် အိပ်ချင်မူးတူးထလာတော့ ဆတ်ခနဲ အိပ်ရာကနေ ထပြေးတဲ့ကောင်လေး။ ဖြေးဖြေးထဖို့ ပြောချိန်ပင်မရလိုက်တာကြောင့် အိမ်သာသွားဖို့ ထသည်ထင်နေခဲ့‌ပေမဲ့
မီးဖိုချောင်ထဲက ဂလိုးဂလွမ် အသံတွေကြားမှပဲ ထမင်းချက်ဖို့ လုပ်နေတာ သိရတဲ့အဖြစ်။

အရင်ရက်တွေတော့ စောစောထတဲ့
လှိုင်းဆက်က ထမင်းပေါင်းအိုး တည်နေကျ။ ငြိမ့်တည်က အမြဲ ၇နာရီလောက်မှ ထတတ်တာမို့ စောစောနိုးနေတဲ့သူကပဲ တည်ထားတတ်တာဖြစ်သည်။
ဒီနေ့တော့ ဝရုန်းသုန်းကားလုပ်နေတဲ့
ငြိမ့်တည်ကြောင့် လှိုင်းဆက်ပါ အချိန်စောစောထရတော့သည်။

ဆွမ်း နှင့် သောက်တော်ရေ ကပ်ပြီး
ဘုရားကန်တော့နေတုန်း အိမ်ရှေ့အိမ်နောက်
ကူးနေတဲ့ငြိမ့်တည်က ရေမိုးချိုး အဝတ်တွေလှန်းလိုက် ၊ ပဲပြုတ်သည် ထွက်ကြည့်လိုက်၊
သူ‌ရေချိုးနေတုန်း လှိုင်းဆက်လှည်းကျင်းထားတဲ့ ကြမ်းပြင်ကို တံမြက်စည်းပြန်လှည်းလိုက်ဖြင့် ငြိမ်မနေ။

အကုန်ပြီးစီးတော့ ရှေ့ရောက်လာတဲ့
ထမင်းဝိုင်းမှာ  ပဲပြုတ်ထမင်းကြော်နှင့်
မေမေတို့ထည့်ပေးလိုက်တဲ့ ငါးခြောက်ကြော်အစပ်က အသင့်။ လှ်ိုင်းဆက်ဝင်ထိုင်တော့
ရေနွေးကြမ်းခွက်ပါ ငှဲ့ပေးသေးသည်။

ငြိမ့် (COMPLETED)Kde žijí příběhy. Začni objevovat