Chapter-17

37.2K 3.6K 113
                                    

Unicode

ရင်ထဲဝင်လာပြီဖြစ်သော ငြိမ့်တည် ၂

ဝါကျင့်ကျင့် အပင်ထိုးထိုးထောင်ထောင်များက မျက်စိတစ်ဆုံး ကျယ်ပြန်လို့။ နောက်ခံမြင်ရတဲ့ တောင်တန်းကြီးများက ဟိုးအဝေးမှာ နေပူခံလို့နေပြီး လွမ်းမော ချင်စရာအငွေ့သက်ကို ပေးလို့နေသည်။

မိုးစပါးမတိုင်ခင် ကောက်လှိုင်းရှင်းထားတာမို့မီးရှို့လို့ကျန်တဲ့ ဖွဲပြာအမဲကွက်များကလည်း
ဟိုတစ်ကွက်သည်တစ်ကွက်။ နွေစပါးရိပ်သိမ်းပြီးလို့ အကွက်တွေ ရှင်းထားပေမဲ့ ဒီရှုခင်းကပဲ နွေရဲ့ သရုပ်ကိုတစ်ပုံဆန်းစေ၏။
ကောက်လှိုင်းခြောက်နံ့ သင်းသင်းကလည်း
အားဖြည့်ကူထားတဲ့ ရေတံခွန်တောင်အနီးမှ
လယ်ကွင်းများ ကတော့ မန္တလေးသူ မန္တလေးသားတို့ အတွက် အပန်းဖြေစရာ နေရာတစ်ခုဟု ဆိုကြလေရဲ့။

'ရေတံခွန်တောင် ကြက်ကြော်'
မန္တလေးရဲ့ နာမည်ကြီး စားသောက်ဖွယ်
တစ်မျိုးကို အဓိကထား ရောင်းချတဲ့ ဒီနေရာက မန္တလေးမြို့အရှေ့ဖက် ရေတံခွန်တောင်ဆီ သွားရာ လမ်းတစ်လျှောက်တွင် ရှိပြီး
ကနဦး မူလက လယ်လုပ်ကိုင်ကြသော ရွာသားများ၏ လယ်ကွင်းပြင်ကျယ်ကြီး ဖြစ်သည်။ စီးပွားရေး ဈေးကွက်တစ်ခု ဖြစ်လာပြီးတဲ့နောက် မန္တလေးမြို့ပြနဲ့ မဝေးတဲ့ ဒီနေရာက ကြက်ကြော်ဆိုင်များနှင့် စည်ကားလာကာ   ကျေးလက်၏
အငွေ့အသက် လယ်ကွင်း၏ အလှအပကို
တဝကြီး ခံစားနိုငသော နေရာတစ်ခု ဖြစ်လာခဲ့သည်။

ကြက်ကြော် နှင့် တွဲဖက်စားသောက်ဖွယ်ရာများ ရောင်းချသည့် ဆိုင်ကြီးများရှိသလို
ရွာသူရွာသားတို့ ရောင်းချသည့် တပိုင်တနိုင်
ဆိုင်ငယ်လေးများကလည်း များပြား၏။
မြို့ပြအတွင်း အလုပ်အကိုင်များနှင့် ပင်ပန်းခဲ့ကြသူတို့က ဝေးဝေးသွားစရာမလိုပဲ ဒီနေရာလေးမှာ လာရောက် အပန်းဖြေနိုင်ကြသည်။

လှိုင်းဆက်တို့ အခုရောက်နေတဲ့ ဆိုင်ကတော့
နာမည်ကြီးဆိုင်ကြီးဖြစ်ကာ ကိုယ့်အုပ်စုနှင့်ကိုယ် ထိုင်နိုင်သော ကောက်လှိုင်းမိုးတဲငယ်လေးများ အများပြားရှိသည့် ဆိုင်ဖြစ်သည်။
ထိုးထိုးထောင်ထောင် စပါးခြောက်ပင်များ ကျန်ခဲ့သော လယ်ကွင်းထဲတွင် ဝါးခြမ်းတံတားရှည်များခင်းလို့ တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်ထားကာ လှပသော ဒန်းများ၊ ဓာတ်ပုံရိုက်ချင်စဖွယ်နေရာများကိုပါ
ထည့်သွင်းပေးလို့ထား၏။

ငြိမ့် (COMPLETED)Where stories live. Discover now