(Unicode)
"ရီပို့ကတ်တွေကို လက်မှတ်ထိုးပြီးရင် သဘက်ခါနောက်ဆုံး ပြန်ပေးရမယ် ကြားလား"
"ကြားပါတယ်..."
လက်ထဲက ရီပို့ကတ်ကို မိုးညို စိတ်ညစ်ညစ်နဲ့ ကြည့်လိုက်မိသည်။ အဆင့်ဆယ့်ငါးကနေ ဖြည်းဖြည်းချင်း ပြုတ်ကျလာတာ အခုဆိုအဆင့်သုံးဆယ့်ငါး ရောက်နေပြီ။ မေမေက သုံးဆယ်အောက် မကျစေနဲ့လို့ မှာထားသည်။ အိမ်ပြန်ရောက်ရင် ဆူခံရတော့မယ် ထင်ပါသည်။
"ညီညီ အဆင့်ဘယ်လောက်လဲ"
"ဟင်.. ကိုကို မင်းကဘယ်လောက်လဲ"
"ငါက ခွန် မင်းဟာပြ.."
ကိုကိုက သူ့ရီပို့ကတ်ကိုပြရင်း မိုးညိုကတ်ကို အတင်းဆွဲကြည့်တော့ ၃၅/၄၈ ဆိုတဲ့ ဂဏန်းတွဲလေးကို လက်ညိုးလေးနဲ့ ကွယ်ထားလိုက်ရသည်။
"ညီညီ ဖယ် ဘယ်လောက်မို့.. ဘာ ၃၅!"
ကိုကို့အာမေဋိတ်မှာ တစ်တန်းလုံးကို ငြိမ်ကျသွားစေတဲ့ အစွမ်းပါတယ်ထင်ပါရဲ့။ ဆရာမတောင် မနေနိုင်တော့ဘဲ မိုးညိုရှေ့လာရပ်ပြီး ဆုံးမဩဝါဒချွေပါသည်။
"ကဲ ရွှေမိုးညို.. အစ်ကိုက အဆင့်ခွန်၊ သူငယ်ချင်းက အဆင့်တစ်နော်၊ ဘယ်လိုဖြစ်လို့ တစ်ယောက်တည်း ၃၅ဖြစ်နေရတာလဲ"
"ဟီး"
မိုးညို အပျင်းကြီးပေမယ့် ကိုကိုစာအုပ်ကိုင်တိုင်း တွေ့ကရာဗလာစာအုပ်ကို လိုက်လှန်နေကျ..။ ခုနှစ်တန်းစာတွေကလည်း နှစ်စပိုင်းမှာလွယ်သလောက် နှစ်ကုန်ရောက်လေ ပိုခက်လေပါပဲ။ မိုးညိုတို့က ကျူရှင်မယူတော့ ပိုဆိုးသည်။ ကျူရှင်မယူဘဲ အဆင့်တစ်ရတဲ့ တိုင်းလိုလည်း ဉာဏ်မကောင်းဘူးတာမို့ မိုးညို အဆင့်ကျတာ မထူးဆန်းပါ။
"ရွှေနေညို ကိုယ့်ညီကို တွဲခေါ်နော်၊ တိုင်းကမ္ဘာလည်း မိုးညိုနားမလည်တာရှိရင် ရှင်းပြလိုက်ဦး၊ ရှစ်တန်းဆို ပိုခက်တော့မှာ"
"ဟုတ် ဆရာမ"
တိုင်းကမ္ဘာက ရှင်းပြရှာပါသည်။ ဒါပေမယ့် သူရှင်းတဲ့စာကို သူပဲနားလည်သွားပြီး မိုးညိုက နားရှုပ်ကာကျန်ခဲ့သည်။ အခုလည်း ရီပို့ကတ်နဲ့ ယက်ခပ်ပြနေတာများဆိုတာ ပိတ်ထိုးပစ်ချင်စရာ..။
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)