Kae-7 / EP-16

2K 163 139
                                    

(Unicode)

"အာ့ အာ့ အား!!!!!"

အနာလေး ဆေးထည့်ပေးတာကို ငယ်သံပါအောင် အော်နေတော့ သူ့အစား နေညိုရှက်လာသည်။ ထွဋ်ဘုဏ်းရှိန်သည် တကယ်မလွယ်တဲ့လူ..။ ကိုယ့်ကြောင့် ပြဲကွဲလာလို့ စိတ်မကောင်းဖြစ်မိတာလေးတောင် နောင်တရသည်။

"ထွဋ်ဘုဏ်းရှိန် ဘယ်လိုဖြစ်နေတာလဲ အောက်ထပ်မှာ လူနာရှိတယ်"

"မင်းခံကြည့်၊ ဘယ်လောက်စပ်.. အား!!!"

ပတ်ဝန်းကျင်ကြားရင် တမျိုးထင်ကုန်တော့မှာပဲ..။ လက်ဖဝါးကို ထွဋ်ဘုဏ်းရှိန် နှုတ်ခမ်းပြင်ထက်မှာ ကဗျာကယာ နေရာချလိုက်ရသည်။ ပါးစပ်ပိတ်ပေးလိုက်မှ နားကိုအေးရော။ လူကတော့ တုတ်တုတ်တောင် မလှုပ်တော့ဘဲ ကျောက်ရုပ်ကြီးလိုလို။

"အော်မနေနဲ့ လူကြားမကောင်းဘူး"

နေညို ခပ်တိုးတိုး ဟန့်လိုက်ကာမှ ထွဋ်ဘုဏ်းရှိန်တစ်ယောက် အသက်ပြန်ဝင်လာသည်။ မျက်နှာမှာလည်း မကျေနပ်တဲ့ဟန်အပြည့်နဲ့ပါ..။

"ဘာ! လူကြားမကောင်းဘူး"

"အေးလေ ကိုယ့်အော်သံကို နားထောင်ကြည့်ဦး"

"ငါတို့က ဘာလုပ်နေလို့လဲ၊ အော်ပေးရမလား.. ဟုတ်ကဲ့ပါ!! ကျွန်တော် ဆေးထည့်နေတာပါခင်ဗျာ!!"

"ထွဋ်ဘုဏ်းရှိန်!"

ဒီလိုလူကို သနားစိတ်ဝင်မိတာကိုက နေညိုမှားတာ။ ရှုံ့ပိန့်နေတဲ့ မုန့်ဗန်းနဲ့သာ ရိုက်သတ်လိုက်ချင်သည်။ ပါးစပ်ကို ထပ်ပိတ်မယ်ကြံတော့ နေညို့လက်နှစ်ဖက်ကို ချုပ်ထားသည်။ ဘုရားစင်ရှေ့မှာ သတ်ဖြတ်နေရတာ မြင်မကောင်းလိုက်တာ။

"ရွှေနေညို ပြီးမှ ငါ့ကိုအဆိုးမဆိုနဲ့နော်"

"ငါ ကိုတိုင်းနဲ့တိုင်မှာ"

"လက်နက်ကြီး အားကိုးပြမနေနဲ့၊ မကြောက်တတ်တာ အရင်ဘဝကတည်းက"

မကြောက်ဘူးသာ ပြောပေမဲ့ လက်နှစ်ဖက်ကိုတော့ ချက်ချင်းလွှတ်ပေးသည်။ မျက်နှာကလည်း ယောင်ကိုင်းလို့။ ညီညီ့ကိုပဲ စိတ်လက်တဆစ်မှတ်တာ။ ဒီကောင်လေးက ညီညီထက် ပိုဆိုးနေတာပဲ။ အချိုးလည်း မပြေသလို လူကလည်း တဇွတ်ထိုး..။ ဘယ်လိုများ ကြီးပြင်းလာခဲ့တာလဲ။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now