Kae-9 / EP-18

2K 158 209
                                    

(Unicode)

"ဆယ်တန်းပြီးအောင် မတက်ခဲ့ရဘူး"

"အင်း"

"ပုသိမ်ကြီးကို ပြောင်းတာ သုံးနှစ်ပဲရှိသေးတယ်"

"အင်း"

"မြန်မာဝတ်စုံလေးတွေကို ကြိုက်တယ်"

"အင်း"

"ပြီးတော့.. တောက်! ညီညီဆိုတဲ့ကောင်ကို အချစ်ဆုံး"

"အမ် ဘာလဲ ရည်းစားရှိတယ်လား"

"စောက်ကောင်ရ! အမွှာကောင်ကို ပြောတာ"

နောင်နောင်ထွန်းဆိုတဲ့ ကောင်သည် ဘာမှသုံးစားလို့မရ။ တိုက်တန်းကြားက အန်တီကြီးတွေဆီကနေ ရလာတဲ့ အချက်အလက်တွေကို ဝင်ကူစစ်ပေးမယ်မရှိဘဲ ထွဋ်ဘုဏ်းရှိန်ကို ဒေါသထွက်အောင် လာလုပ်နေပသည်။

"နေဦး မင်းက ဒါတွေကို ဘာလုပ်မလို့လဲ"

"ဟာ လေ့လာတာလေ၊ အကွက်ရှာနေတာ"

"ရှာပြီးဘာလုပ်မှာလဲ"

"ဟ ချည်းကပ်မှာပေါ့"

"ထွဋ်ဘုဏ်းရှိန်ရာ မင်း ရာဇဝင်ရိုင်းလိုက်တာ၊ လက်ဖျောက်တီးတာနဲ့ ပါလာနေကြဆို"

"အေး မျက်စောင်းတချက်မှာ ပါသွားတာ ငါကွ၊ အဲ့လောက်မလွယ်ဘူး နောင်နောင်"

"မိန်းကလေးမဟုတ်လို့လား"

ဒီစကားကို ထွဋ်ဘုဏ်းရှိန် သဘောမကျ။ တိုင်းကမ္ဘာရော၊ နောင်နောင်ထွန်းကပါ ဒီတချက်ကိုပဲ ထောက်စရာလို့ မှတ်နေကြသည်။ မိန်းကလေးအစစ် မဟုတ်တော့ရော ဘာဖြစ်လဲ။ ထွဋ်ဘုဏ်းရှိန်ကတော့ ရွှေနေညိုကို မိန်းကလေးလို့ပဲ ခံယူထားသည်။

"ငါ့မျက်စိထဲမှာတော့ ရွှေနေညိုက မိန်းကလေးပဲ"

"မင်းကလည်း.. စိတ်မဆိုးနဲ့နော်၊ ရွှေနေညိုက အခြောက်လေ၊ မင်း အဲ့တာကို မေ့ထားလို့မရဘူး"

"ဘာလို့လဲ"

"သူတို့မှာလည်း ကိုယ်ပိုင်ခံစားချက်တွေ ရှိနိုင်တာပဲ။ မိန်းကလေးဖြစ်ရတာ လွယ်တာမှ မဟုတ်တာ"

ထွဋ်ဘုဏ်းရှိန် ပြန်စဉ်းစားကြည့်လိုက်သည်။ ရွှေနေညိုက မာနထောင်တာကလွဲပြီး မိန်းမလျာဖြစ်ရလို့ ပင်ပန်းနေတာမျိုးမှမရှိတာ။ ဒါ သူရွေးချယ်ထားတဲ့ လမ်းပဲ။ သဘောကျရမှာပေါ့။ ကံကောင်းလို့ ထွဋ်ဘုဏ်းရှိန်လိုလူ ကြိုက်တာကို ခံရသေးတယ်။ ဆံမွှေးနီကို ထိုးဖွရင်း ခပ်ဟဟရီမိသည်။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now