Kae-14 / EP-23

2K 173 197
                                    

(Unicode)

"မိုးညို ခဏလောက် အိပ်လိုက်လေ"

"ရတယ် တိုင်း၊ မြန်မြန်မောင်း"

ကားပြတင်း အပြင်ကို ငေးကြည့်ရင်း လက်သီးကိုကျစ်ကျစ်ပါအောင် အုပ်ထားမိသည်။ မိုးညိုရဲ့ကိုကို တစ်ညလုံးပျောက်နေသည်။ ကိုကိုသည် စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့သူမျိုး မဟုတ်ဘူးဆိုတာ မိုးညိုအသိဆုံး..။ တစ်စုံတစ်ယောက်ရဲ့ ပယောဂအောက်မှာ ကိုကို ဘယ်လောက်တောင် ကြောက်နေလိုက်မလဲ။

"ငါ အဲ့ကောင်ကို သတ်မှာတိုင်း"

"မင်းအစား ငါသတ်ပေးမယ်"

မာန်တင်းပြီး ကျိန်းဝါးနေတုန်းမှာ ဆုပ်ကိုင်လာတဲ့ တိုင်းရဲ့လက်က ခပ်နွေးနွေး..။ တိုင်းလည်း ပင်ပန်းနေပြီ။ ထွဋ်ဘုဏ်းရှိန် သွားနိုင်လောက်တဲ့ နေရာတွေကို တစ်ညလုံးလိုက်ရှာပေးခဲ့သည်။ ကိုကို့ဇောနဲ့ ပွက်လောရိုက်သွားတဲ့ ဖေဖေနဲ့မေမေကိုလည်း တတ်နိုင်သလောက် နှစ်သိမ့်ပေးခဲ့သည်။ တိုင်းလက်ကို ပြန်လည်ကိုင်ယှက်ရင်း..

"ငါညံ့လို့ ကိုကိုဒီလိုဖြစ်တာ.. တိုင်း၊ ငါ အသုံးမကျခဲ့လို့"

"မင်းညံ့လို့ မဟုတ်ပါဘူး၊ ထွဋ်ဘုဏ်းရှိန်ကို ငါတို့လျှော့တွက်မိသွားတာ"

"တိုက်ခန်းရှေ့မှာ လာရစ်နေကတည်းက ငါ အပြတ်ရှင်းလိုက်ရမှာ အခုတော့..."

"ငါတို့ကြောင့် တမင်ခေါ်ထားတာလို့ ပြောတယ်မလား၊ နေညို ဘေးကင်းကင်းနဲ့ရှိနေမှာပါ"

ဝေလီဝေလင်းအချိန်မှာပဲ ထွဋ်ဘုဏ်းရှိန် တိုင်းကို ဖုန်းဆက်လာသည်။ အမရပူရက ချောင်ကြိုးချောင်ကြား နေရာတစ်ခုကို ပြောသည်။ ကိုကိုနဲ့သူ အဲ့ဒီမှာရှိနေတယ်တဲ့..။ ကိုကို့ကို ခိုးပြေးတာမဟုတ်ဘဲ မိုးညိုတို့ကို သင်ခန်းစာပေးချင်လို့ ပြန်မလွှတ်တာလို့က ပြောသေးသည်။

အကြောင်းပြချက်ကြောင့် စိတ်သက်သာရာရပေမဲ့ ထွဋ်ဘုဏ်းရှိန် ယုံလို့မရ။ ပျောက်တာက တစ်ညခင်းတည်း..၊ ဒါပေမဲ့ ဒီတစ်ညတစ်လေကလည်း ဘဝပေါင်းများစွာကို ပြောင်းလဲပစ်နိုင်သည်လေ..။ ကိုကို့နဲ့ ပြန်တွေ့တော့မှ ဒီကောင့်ကို လုပ်သင့်တာလုပ်ရမည်။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now