Kae-8 / EP-17

2K 161 226
                                    

(Unicode)

ထွဋ်ဘုဏ်းရှိန်တစ်ယောက် ကုတင်ပေါ်မှာ ပက်လက်..။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ စဉ်းစားထားသော်လည်း ထိုးထိုးထောင်ထောင် အတွေးစတို့က လူကိုကလိယားထိုးနေသည်။

"ကျစ်.. လက်ကစ နုညံ့နေတာပဲ"

ကိုယ့်နှုတ်ခမ်းကို ကိုင်ကြည့်ရင်း တစ်ယောက်သောသူရဲ့ လက်ဖဝါးနုနုကို ပြန်ခံစားကြည့်သည်။ ရွှေနေညိုက မာယာများသားပဲ။ ထွဋ်ဘုဏ်းရှိန်လို လူလိုတောင် အတွေးသမား ဖြစ်အောင်လုပ်နိုင်သည်။

"အား!! မတွေးတော့ဘူး၊ မတွေ့ဘူး!! ငါက ဘာကောင်မို့လို့ တွေးရမှာလဲ! မတွေးဘူး! မင်းတွေးရင် ခွေးဖြစ် ထွဋ်ဘုဏ်းရှိန်"

ခွေးစာစားဦးမှလို့ တွေးပြီး ထမင်းစားခန်းကို ဝင်တော့လည်း မမဆိုတဲ့ ခေါ်သံကြောင့် နီရဲတက်သွားတဲ့ မျက်နှာလေးကို ပြေးမြန်ပြန်သည်။ ရွှေနေညိုက တန်ခိုးကြီးလိုက်တာ၊ ထွဋ်ဘုဏ်းရှိန်ကို ပြုစားနေပြီ။

"ကြည်ဖြူကွာ ကြည်ဖြူကွာ မေရယ်.. ဒါ ဒါ့ ဒါ ကိုယ်လေ.."

စိတ်ငြိမ်သွားအောင်လို့ တစွန်းတစပဲ ကြားဖူးတဲ့ သီချင်းကို တဝက်တပျက် အော်ဆိုတုန်း ပူပူနွေးနွေး ရည်းစားဟောင်းဆီက ဖုန်းဝင်လာသည်။ စိတ်ကကုန်ပြီးရင်ကုန်၊ ထွဋ်ဘုဏ်းရှိန်ဆိုတာ စိတ်နာသွားရင် လှည့်ကြည့်တတ်တဲ့ အမျိုးမဟုတ်ဘူး။

"ဘာလဲ"

"ဟယ်လို ကိုကို"

"မကိုကိုနဲ့ မင်းနဲ့ငါက ပြီးသွားပြီ"

"သဲကို စိတ်မဆိုးပါနဲ့၊ ကိုကိုက နေ့လည်က အဲ့တစ်ယောက်အတွက်နဲ့ ရှုးရှုးရှဲရှဲဖြစ်ပြနေလို့ သဲက သဝန်တိုပြီး ပြောလိုက်မိတာပါ"

"ငါက ရှုးရှဲဖြစ်ရအောင် လက်ဖက်လား၊ ဒါနဲ့ နေပါဦး တကယ် နွားသိုးကြိုးပျက်ဖြစ်ခဲ့တာလား ငါက.."

"အွန်းလေ ကိုကိုက သဲကိုပစ်ထားပြီး အဲ့တစ်ယောက်ကိုပဲ ကြည့်.."

"တော် တော် ရပြီ၊ အားနာတယ်၊ ငါ့ကိုထပ်မဆက်နဲ့၊ ဆက်တွဲလည်း ငါက ပလစ်ထားမှာ၊ ဒါပဲ ငါ့ထက်ကောင်းတဲ့ကောင်ကိုရှာ"

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now