Lay-2 / EP-27

2.1K 177 249
                                    

(Unicode)

မင်္ဂလာဦးမြေလို့ ပြောလို့ရတဲ့ တိုက်ခန်းငယ်လေးထဲမှာ ထွဋ်ဘုဏ်းရှိန်တစ်ယောက် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ စာသင်ခန်းထဲမှာ ရှိရမယ့်အချိန်ဖြစ်သော်လည်း ကျောင်းကိုမသွားနိုင်။ သုံးနာရီခွဲကျော်တာနဲ့ တံခါးကို ချောက်ကနဲဖွင့်မယ့် ပူပူနွေးနွေး အိမ်ထောင်ရှင်လေးကိုသာ စောင့်မျှော်မိနေသည်။

"ကျစ် ပြန်လာချိန်တန်ပြီကို အခုထိပြန်မလာဘူး၊ မိဘဆီသွားတာကို တားပြန်ရင်လည်း ငါကပဲ သဘောထားသေးတဲ့ ကောင်ဖြစ်ဦးမယ်"

မြည်တွန်းတောက်တီးရင်း ဖွထားသမျှ မုန့်အခွံတွေကို လိုက်ကောက်ရသေးသည်။ လက်ထက်ပြီးတာ ၂ပတ်ရှိပြီ။ ဒီ၂ပတ်လေးအတွင်းမှာကို မတော်မတရားပြောင်းလဲသွားသူက ထွဋ်ဘုဏ်းရှိန်။ ပထမဆုံးအချက်အနေနဲ့ အပြင်မှာ ဂလေမရိုက်ဖြစ်တော့။ သွေးသောက်ဘော်ဒါ နောင်နောင်ထွန်းနဲ့တောင်မှ ကျောင်းတက်ချိန်လေးပဲ တွေ့ဖြစ်တော့သည်။

ဒုတိယကတော့ မိန်းမအသံကြားရင် လက်ဖျားကို ပြုတ်ထွက်မတက်ခါတတ်နေပြီ။ အိုင်တွေ့တိုင်း ခြေဆေးတတ်တဲ့ကောင်က အိုင်တွေကိုကျော်ကာ တံတားဆောက်ပြီး ရွှေနေညို့ဆီမှာ ဆိပ်ကမ်းကပ်ထားပြီလေ။ သူများတွေအတွက်က မင်္ဂလာဦးဆိုတာ ဆွတ်ပျံ့ကြည်နူးဖွယ်ကောင်းတဲ့ အခိုက်အတန့်ပေမဲ့ ထွဋ်ဘုဏ်းရှိန်လေးမှာတော့ ယုံကြည်မှုကို အုတ်မြစ်ချနေရတဲ့ကာလ...။

​နေ မယုံသေးတာ နောက်ထား၊ အဓိကပြဿနာက နေက သူ့ကို မရင်းနှီးသေးတာ။ လတ်တလောအခြေအနေအရဆိုရင် သူတို့နှစ်ယောက်က လင်မယားနဲ့မတူဘဲ အခန်းမျှနေနေကြတဲ့ အိမ်ရှင်အိမ်ငှားနဲ့တူသည်။ နှစ်ယောက်အိပ်ကုတင်ကို အလည်မှာ နှစ်ပေခွာပြီး အစွန်းတဖက်စီမှာအိပ်သည်။

မနက်ရောက်ရင် မနက်စာကို အခြောက်အခြမ်းပဲ ငုံပြီး ဆိုင်ကယ်ကိုယ်စီနဲ့ ထွက်ခွာကြသည်။ ညနေကျပြန်တော့လည်း နေယူလာတဲ့ ချိုင့်ထဲကဟင်းကို တစ်ယောက်တည်း အထီးကျန်ကျန်စားရသည်။ ထွဋ်ဘုဏ်းရှိန်က တကယ့်ကို သနားစရာလေး..။

လင်မယားမို့ အာအာဝိဝိကို အချစ်မပါလည်း ဖန်တီးလို့ရမှန်း ထွဋ်ဘုဏ်းရှိန် သိတယ်။ ဆန္ဒမပါဘဲ ဝတ္တရားကြောင့် လိုက်လျောပေးမှာမျိုးကို ထွဋ်ဘုဏ်းရှိန်မှ မလိုချင်တာ။ အချစ်တွေရံထားတဲ့ သာသာယာယာ အိမ်ထောင်ရေးကို တည်ဆောက်နိုင်ဖို့ ထွဋ်ဘုဏ်းရှိန် ကြိုးစားမည်။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now