မင်္ဂလာပါ၊ မယ်လနီပါရှင်။ ဆယ်လပိုင်း၊ ဆယ်ရက်နေ့မှာ စတင်ခဲ့တဲ့ ဘဝလေးတွေအတွက် ဒီနေ့ဒီအချိန်မှာ နှုတ်ဆက်ဖို့ ဖြစ်လာပြန်ပါပြီ။ အရင်ဆုံးပြောချင်တာက အားလုံးကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ နီ စိတ်ရင်းနဲ့တောင်းပန်ပါတယ်။ နီ ပုံမှန်အပ်ဖို့ ကြိုးစားခဲ့ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် ကြန့်ကြာခဲ့သမျှကို စိတ်ရှည်လက်ရှည်စောင့်ပေးလို့ပါ။
ထုံးစံအတိုင်း ဇာတ်သိမ်းပြီဆိုတော့ "ညိုခဲ့လေသော်" အကြောင်း ပြောကြစို့နော်။ အားလုံးကို နီပြောခဲ့တဲ့အတိုင်းပဲ ညိုခဲ့လေသော်မှာ ခေါင်းစဉ်ခွဲလေးခုပါပါတယ်။ လေးခုပေါင်းမှ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်လာတာပါ။
နီ ဒီမှာပြောပြချင်တာက ညိုခဲ့လေသော်ရဲ့ လျှို့ဝှက်ချက်ပါ။ တကယ်တော့ ညိုခဲ့လေသော်က ဇာတ်လမ်းတိုလေးပုဒ်ကို အဆက်အစပ်နဲ့တွဲရေးထားတဲ့ ဇာတ်လမ်းမျိုးပါ။ သတိထားကြည့်ရင် ခေါင်းစဉ်ခွဲလေးခုလုံးမှာ ဇာတ်ကောင်တွေ ရင်ဆိုင်ရတဲ့ အခြေအနေတွေ၊ အဓိကဇာတ်ကြောင်းတွေက ကွဲပြားနေပါတယ်။ နီ့ကို ညိုခဲ့လေသော်က Dramaလား Romance လား ဆိုပြီး အမျိုးအစားစိတ်ဖြာခိုင်းရင် နီက ဘဝလို့ပဲ ဖြေပေးချင်ပါတယ်။ မေတ္တာကို ဦးစားပေးကြတဲ့ ဘဝလေးတွေပေါ့။
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)