Nyo-5 / EP-5

2.2K 176 173
                                    

(Unicode)

"၁၈၂၄-၂၆ မှာ ပထမကျူးကျော်စစ်ဖြစ်တယ်၊ ဟုတ်ပြီ ဒုတိယကျူးကျော်စစ်က ၁၈၅၂မှာမှ စဖြစ်တယ်၊ ကြားထဲမှာ နှစ်ပေါင်း၂၀ကျော်လောက်ကွာတယ်"

ကလေးဘဝက အချိန်ကုန်တာမြန်သည်လို့ လူကြီးတိုင်းကပြောကြသည်။ ဒါဆို မိုးညိုကလည်း လူကြီးဘဝကို ရောက်တာမြန်သားလို့ ပြန်ပြောရပါလိမ့်မည်။ ဘာလိုလိုနဲ့ ခုနှစ်တန်းအောင်ပြီး ရှစ်တန်းကိုတောင် ရောက်ခဲ့ပြီ။

"ဘာလို့ ရခိုင်၊တနင်္သာရီကို သိမ်းပိုက်ခဲ့တဲ့ အင်္ဂလိပ်တွေကို ဒီနှစ်၂၀အတွင်းမှာ ဆရာမတို့ ပြန်ပြီးတော့ မတွန်းလှန်နိုင်လဲ၊ ဒါမင်းတို့ တွေးရမယ့်အချက်..

သမိုင်းဆရာမရဲ့ အဖွင့်မှာစကားကို နာကြားရင်း မိုးညို အတိတ်ကာလကို ပြန်သွားနေမိသည်။ ခုနှစ်တန်းနှစ်စ ကျောင်းတက်ကြတုန်းက မိုးညိုမျက်နှာက သနပ်ခါးအဖွေးသားနဲ့။ ဘေးမှာကိုကိုလည်းရှိသလို တိုင်းလည်းရှိသည်။ အခုတော့..

"သမိုင်းဘာသာ သင်ကြားပြီဆိုကတည်းက တွေးခေါ်ရမယ်၊ ရှေ့ကဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို နမူနာယူရမယ်"

ဖြစ်ခဲ့သမျှကို သုံးသပ်ကြည့်တော့ မိုးညို အဆင့်ကျခြင်းကစသည်။ အပျင်းကြီးမှုက ခုနှစ်တန်းမှာ မသိသာပေမယ့် ရှစ်တန်းရောက်တော့ အခန်းကွဲခြင်းနဲ့ ဒဏ်ခတ်ပါသည်။ စာတော်သူနှစ်ယောက်က အဌမတန်းထိပ်ဆုံးခန်းမှာ ဗိုလ်နေမြဲ၊ ကျားနေမြဲ..။ ရွှေမိုးညိုကသာ သူကောင်းဖြစ်ဖို့ တစ်ရွာပြောင်းရသည်။

"ဆရာမပြောတာကို နားလည်တယ်နော်၊ အခန်းတစ် စဖွင့်မယ်..."

စိတ်နာနာနဲ့ ဖတ်စာအုပ်ကို လှန်လိုက်ရင်း ကိုကိုနဲ့တိုင်းကို စိတ်ဆိုးမိသည်။ အမြဲလိုလို လေးတွဲ့နေတတ်တဲ့ ကိုကိုသည် ရှေ့ဆုံးကနေသွားပြီး တိုင်းအတွက်ပါ နေရာဦးပေးထားသည်။ မိုးညိုအခန်းကို ကျောင်းမတက်ခင် လာခဲ့မယ်ဆိုတဲ့ တိုင်းကလည်း ကျောင်းခေါင်းလောင်းထိုးသွားတဲ့အထိ ပေါ်မလာ..။

နွေရာသီကျောင်းပိတ်ရက်မှာ သင်တန်းတဖက်နဲ့ အလုပ်ရှုပ်ခဲ့တဲ့ တိုင်းကို မျက်နှာမြင်ဖို့ခဲယဉ်းခဲ့ပါသည်။ သူ့အမေနဲ့ ခရီးလိုက်သွားရင်လည်း အပြန်လက်ဆောင်တွေ သယ်သယ်လာတတ်သည်။ အရပ်ရောမျက်နှာပါ ပိုရှည်လာတဲ့တိုင်းက ကြီးကောင်ဝင်သထက်ဝင်လာပြီး အသံကပါ ခပ်ဩဩ..။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now