(Unicode)
"ချစ်ကိုကြီးက စူပါဟီးရိုးပဲ.."
"မှိုစကားမပြောနဲ့ ဖယ်!"
"ဘာလဲ မယားညီအစ်ကိုမို့လို့ ကူညီတာလား"
"မပြောင်စမ်းနဲ့ ထွဋ်ဘုဏ်းရှိန်"
ပခုံးပေါ်က လက်တဖက်ကို ခပ်ကြမ်းကြမ်း ဖယ်ချလိုက်သည်။ ဘယ်အရာမဆို ပြင်ဆင်ပြီးမှ ရင်ဆိုင်တတ်တဲ့ တိုင်းကမ္ဘာမှာ အစီအစဉ်ဆိုတာ မရှိတော့..။ ထွဋ်ဘုဏ်းရှိန်ကို ဝင်ကူချင်လို့ဆိုတာထက် မိုးညို စိတ်ပြေလာအောင် ချော့ချင်တာက အဓိက။ တိုင်းတို့အားလုံးက ဦးလေးလို ပရိယာယ်မကြွယ်ဝ..။ ဒီခရီးမှာ မိုးညို တောင့်ခံနိုင်ပါစေလို့သာ တိုင်းဆုတောင်းနေမိသည်။
"ငါ ဒီတစ်ခါ ကြေပေးလိုက်မယ်နော် တိုင်း.."
"မင်းအဖေက မူယာမာယာများတာကိုး"
"ဘာလဲ.. ယောက်ဖက မင်းဆူလို့လား"
"အင်း ထားပါ၊ မင်းကိစ္စမဟုတ်ဘူး၊ ဟိုကလေး မင်းအိမ်မှာလား"
"အင်း ကျေးဇူးပြုပြီး ခေါ်သွားပေးပါ့လား"
လက်အုပ်ချီကာ တောင်းပန်နေသူကို သနားလို့တော့မဟုတ်။ ဟေမာန်ကိုကို အချိန်ပိုဆင်းရသည်။ သူ့အစ်မမအားတော့ ကလေးတာဝန်က တိုင်းဆီကို အလိုလိုရောက်လာသည်။ မိုးညိုကို သွားချော့ရင် ဒီကလေးက ကန့်လန့်ပါဦးမည်။ အချိန်တွေ ပုတ်လိုက်တာ..။
"ထွဋ်ဘုဏ်းရှိန်"
"အင်း"
"မင်း ဆိုင်ကယ်ပြန်ဝယ်မလား"
"အဲ့လဲ ဝယ်ပေးမယ်ပေါ့"
"မင်းလိုချင်ရင်"
"တော်ပြီ၊ နေလည်း ကြိုက်တာမဟုတ်ဘူး၊ ငွေပေါမှ ကားဝယ်စီးတော့မယ်"
"မင်း ပြောင်းလဲသွားသားပဲ"
"ဒါ အချစ်ပဲလေ တိုင်း..၊ ကလေးခေါ်မှာမလား၊ ငါ ရှေ့ကသွားနှင့်မယ်၊ မင်း လိုက်ခဲ့"
တိုင်း ဝန်ခံပါသည်၊ ထွဋ်ဘုဏ်းရှိန်မှာ အထင်ကြီးစရာမရှိလို့ ထင်မြင်ခဲ့ဖူးသည်။ ဒီကောင်က ငွေကို အလကားထိုင်ဖြုန်းနေတဲ့ လူရှုပ်သက်သက်ပဲ..။ ဒါပေမဲ့.. ဒါတွေအားလုံးက ရွှေနေညိုနဲ့ မတွေ့ခင် အချိန်ထိပေါ့။
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)