Nyo-7 / EP-7

1.9K 149 173
                                    

(Unicode)

"တိုင်း..တိုင်း လား"

ဆင့်ခေါ်သံအဆုံးမှာ လှည့်ကြည့်လာတဲ့ ထိုမျက်ဝန်း။ မိုးညို လူမှားတာမဟုတ်။ ဒါတိုင်းကမ္ဘာမှ တိုင်းကမ္ဘာအစစ်ပါ။ ညိုးနွမ်းနေတဲ့တိုင်းရဲ့မျက်နှာက ဝမ်းနည်းရိပ်သန်းနေသည်။ လူကိုမြင်တာနဲ့ ဒလကြမ်းပြေးလာတဲ့ပုံထောက်ရင် သေချာသည်၊ တိုင်းထွက်သွားတော့မည်။

"မိုး..ညို.."

လူတင်မက အသံပါတုန်ရီနေတဲ့တိုင်းကို မိုးညို ဘယ်လိုတုံ့ပြန်ရမလဲ။ တိုင်း သွားမှာခဏပဲဖြစ်ပါစေလို့ ဆုထပ်တောင်းရင်း အကြည့်တွေကို မြေကြီးပေါ်စိုက်ထားလိုက်မိသည်။ တိုင်းကိုဆိုင်ပြီး မိုးညိုကြည့်ချင်စိတ်မရှိ။

"မိုးညို.. ငါ."

"တိုင်း..မင်းအိမ်သွားတာ.. မင်းက"

တိုင်းက စကားမဆက်ဘဲ ငြိမ်ကျသွားပြန်တော့ စကားဦးပြန်စရသူက မိုးညိုပင်..။ နေပူပူမှာ ရင်ပူပူနဲ့ရပ်ရင်း တိုင်းထွက်သွားတော့မှာပါလားဆိုတဲ့ အသိစိတ်က ခေါင်းထဲကိုတိုးကာဝင်လာသည်။ မိုးညိုလည်း တုန်ရီနေပါပြီ။ ခေါင်းကိုမော့လိုက်မိတော့ မျက်ရည်တွေဝဲနေတဲ့ တိုင်းမျက်နှာက အရှင်းသား..။ တိုင်း မသွားချင်ဘူးဆိုတာကို မိုးညိုသိနေသည်။ ဖြစ်နိုင်မယ်ဆိုရင် မှားသမျှကို တောင်းပန်ပြီး တိုင်းကို ဆွဲထားချင်ပါသည်။

"တိုင်း ငါမှား..သွားပါတယ်.. ငါသီ..ချင်း မရေးတော့ပါဘူး.."

ထွက်သွားခါနီး သူငယ်ချင်းကို လက်မလွှတ်ချင်တဲ့စိတ်နဲ့ မိုးညို လမ်းလယ်ခေါင်မှာ အော်ငိုမိသည်။ တိုင်း တကယ်ရက်စက်လွန်းသည်။ မိုးညိုကသာ ခင်ခဲ့ရပေမယ့် သူကတော့ အသိမပေးဘဲ တိတ်တဆိတ်ထွက်သွားဖို့ ကြိုးစားသည်။ မိုးညို ခင်ရသလောက် တိုင်းကတော့ သံယောဇဉ်ရှိပုံမရ..။

"တိုင်းကမ္ဘာ မင်း.. ငါ့..ကို ကြိုပြော.."

ရွှဲလက်စ မျက်ရည်တွေကို ဖယ်သုတ်ဖို့ပြင်တော့ တိုင်း ရှေ့တစ်လှမ်းတိုးလာပြီး လက်နှစ်ဖက်က မိုးညိုရဲ့ ပခုံးဖျားထက်မှာ နေရာယူလာသည်။ တိုင်းရဲ့ပါးပေါ်မှာလည်း မျက်ရည်တွေစိုရွှဲလို့။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now