(Unicode)
ညိုခဲ့လေသော်
~သော်~
မိုးရိပ်ထင်နေသော ကောင်းကင်၊ ဆွေးရိပ်ထင်နေသော ကမ္ဘာ..။ နှစ်ခုတွဲမှ တစ်ခုတည်းလို့ သတ်မှတ်ထားတဲ့ သဘာဝရဲ့ ဖြစ်တည်မှုတွေ။ ဒီမိုးနဲ့ကမ္ဘာက ပြောသည်၊ ခွဲချင်သလိုခွဲ ထာဝရမြဲစေရမယ့် စံထားထိုက်စရာ ချစ်ခြင်းတရားမျိုးတဲ့။ သို့ပေမဲ့ ရုတ်ခြည်းတိုက်ခတ်လာတဲ့ လေနီကြမ်းက မကွဲသော်လည်း ဝေးပါစေလို့များ ဆုတောင်းခဲ့လေသလား..။
ရွှေမိုးညို...၊ ဘဝထက်ပို၍ ချစ်ရတဲ့သူ။ လူတိုင်းကို သန်မာပြသည်၊ မာကြောပြသည်။ တိုင်းကမ္ဘာ တစ်ယောက်သာ မြင်ခွင့်ရှိတဲ့ အားငယ်စိတ်တွေ သူ့မှာရှိသည်။ မိုးညိုသည် လူကြီးတစ်ယောက်လို ရင့်ကျက်ပြီး ကလေးတစ်ယောက်လို ဖြူစင်သည်။ မိုးညိုရဲ့ ချစ်သူဖြစ်ရတာ တိုင်းကမ္ဘာ သိပ်ကိုကံကောင်းသည်။ မျက်ရည်တွေကို နမ်းရှိုက်ပေးရင်း ရင်ခွင်ထဲမှာ ထွေးပိုက်ဖူးသည်။
ရွှေမိုးညိုကို တိုင်းကမ္ဘာ သိပ်ချစ်သည်။ ဝေးကွာခြင်းက ခဏတာလို့သာ ယုံကြည်ထားခဲ့သည်။ မိုးညိုနဲ့ နီးစပ်ဖို့ တိုင်း အများကြီးကြိုးစားခဲ့ပါသည်။ စစ်မှန်လွန်းတဲ့ ဒီမေတ္တာကို မိခင်ကပါ အသိအမှတ်ပြုခဲ့ပြီ။ ပျော်စရာနေ့ရက်တွေ နီးကပ်လာကာမှ ဒီနှလုံးသားကို လုံးချေပစ်ဖို့ ကံကြမ္မာက စီမံသတဲ့လား။ အသက်တမျှ တန်ဖိုးထားရသူကို နာကျင်မှုတွေ ထပ်လောင်းပေးသည်။ တိုင်းကမ္ဘာမှာ သည်းခံနိုင်စွမ်းမရှိတော့..။
"သားတိုင်း သား စိတ်ကိုငြိမ်ငြိမ်ထား၊ အစ်ကို လုပ်ပါဦး"
"ကျွန်တော် မိုးညိုဆီကို သွားမယ်၊ မိုးညိုဆီကို သွားမယ်"
"သွားရမယ် သားတိုင်း၊ အဖေ လတ်မှတ်စီစဉ်ပြီးပြီ၊ အခု ထွဋ်ဘုဏ်းရှိန် ဘေးမှာရှိတယ်တဲ့၊ သားတိုင်း စိတ်ကို လျှော့ထား"
"မိုးညို အဆင်ပြေမှာပါ သားရယ်"
ဆေးပုလင်း ချိတ်ရက်နဲ့ နှစ်သိမ့်လာတဲ့ အမေ့ရဲ့စကား။ လွန်ခဲ့သော မိနစ်နှစ်ဆယ်လောက်ကတင် တိုင်း အပျော်ကြီးပျော်နေခဲ့သည်။ မိခင်ကိုပြုစုရင်း မိုးညိုအကြောင်းကိုသာ နေ့စဉ်ရက်ဆက် ရင်ဖွင့်ဖြစ်ခဲ့သည်။ မိုးညိုကိုလွမ်းတဲ့စိတ်ကပဲ မိဘနဲ့သားသမီးကြားက လွဲချော်လက်စ နားလည်မှုကို ပြန်တည့်မတ်လာစေခဲ့တာ။ တိုင်းမေတ္တာကို အမေမြင်လာပြီ၊ သူမျက်စိမမှိတ်ခင် လက်တွဲပါလို့ ခွင့်ပြုလာခဲ့ပြီ။ ဒါပေမဲ့..
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)