(Unicode)
နေညိုလေး အိမ်သန့်ရှင်းရေး လုပ်နေသည်။ အရင်ကဆို မိဘအိမ်မှာအနေများပေမဲ့ နေ့ခင်းနေ့လည် ပြန်လာတတ်တဲ့သူကြောင့် ထမင်းချိုင့်ပို့ရုံလောက်သာ ထွက်ဖြစ်နေတာကြာပြီ။ ထွဋ်က အိမ်ပြန်ရောက်တာနဲ့ နေညို့ကို မြင်ရမှ..၊ မဟုတ်ရင် ဖုန်းတွေ တဂွမ်ဂွမ်ဆက်ပြီး ရောက်တဲ့နေရာကို လာခေါ်ပါ့မယ်လို့က ပြောသေးသည်။
"အင်္ကျီတွေ လျှော်.. ဟင်း.. လျှော်သွားပြန်ပြီ"
ဘီယာဆိုင်ကို ဦးစီးရတာ လွယ်တူတဲ့ကိစ္စမဟုတ်မှန်း နေညိုသိသည်။ ကျောင်းပဲ တသက်လုံးတက်လာတဲ့သူက ရုတ်တရက် စီးပွားရေးထလုပ်ရတော့ ထွဋ် ပင်ပန်းမှာသေချာသည်။ ဒါပေမဲ့ နေညို့မှာ အပြုံးမျက်နှာသာ မြင်ရသည်။ နေညို ငြိုငြင်မှာစိုးပြီး မျက်နှာရိပ်၊ မျက်နှာကဲ လိုက်ကြည့်နေတာနဲ့တင် ထွဋ်ကို သနားစိတ်ဝင်ရပြီ။
အချစ်မပါဘဲ တည်ဆောက်ခဲ့ကြတဲ့ အိမ်ထောင်ရေးဆိုတာမှန်သည်။ အမုန်းကတော့ စိုးစိမျှ မပါတာမို့ သံယောဇဉ်က လွယ်လွယ်နဲ့တွယ်သည်။ ကိုတိုင်းကို မျက်နှာချင်းဆိုင်ဖို့ မဝံ့မရဲဖြစ်တိုင်းမှာ ထွဋ်လက်ကိုတွဲပြီး အကာအကွယ်ယူခဲ့ရသည်။ အချစ်စစ်ရဲ့သဘောတရားကို ထွဋ်ဘုဏ်းရှိန် ယူဆောင်လာပေးမယ်လို့ နေညိုယုံကြည်ထားသည်။
*တင်း တောင်*
"သော့မေ့သွားလို့လား ထွဋ်.."
စိတ်ဆိုးမာန်ဆိုးရပ်နေတဲ့ အမျိုးသမီးငယ်တစ်ယောက်။ အပြင်အဆင်က ခေတ်အကျော်လွန်ပြီး အပြုအမူက ရဲရဲတင်းတင်း။ နေညိုသိလိုက်ပြီ၊ ဒီညီမလေးသည် ထွဋ်ရဲ့ ရည်းစားဟောင်း..။
"ဒီမှာ ဟိုကောင်ရှိလား"
"ဘယ်သူ့ကိုပြောတာလဲ"
"ထွဋ်ဘုဏ်းရှိန်ကိုပြောတာ၊ လူကို အဲ့လိုကျောသွားလို့ ရကြေးလား"
ထွဋ်ရဲ့သူငယ်ချင်း နောင်နောင်ထွန်းက ပြောပြခဲ့ဖူးသည်။ ထွဋ်ဘုဏ်းရှိန်ဆိုတာက ရည်းစားသုံးယောက်ကို အဖြေပြိုင်တောင်းတဲ့ လူစားတဲ့..။ နေညိုနဲ့တွေ့မှ လိမ္မာလာတာလို့က ပြောသေးသည်။ အနည်းဆုံး သုံးယောက်လောက် လာရှာလိမ့်မယ်လို့ နေညို တွက်ထားပြီးသားပါ။
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)