Kae-12 / EP-21

2K 162 190
                                    

(Unicode)

"ပြုံးပျော်ခဲ့တယ် မိုးရေထဲမှာ၊ ချစ်လာခဲ့တယ် မိုးရွာဆဲမှာ"

"မိုးရေ ခုလေ နှောင်းလွန်ရွေ့လာ၊ စိမ်းရက်သူရယ် စိမ်းနိုင်အားတယ်"

မိုးတွေရွာစွေ..။ ဒီသီချင်းသည် သူ့အကြင်နာတွေကို မေမေမြင်လာစေဖို့ သီဆိုပြရတဲ့ အချစ်တေးလို့ ဖေဖေကိုယ်တိုင် တိုင်းကိုပြောပြဖူးသည်။ ဖေဖေနဲ့မေမေရဲ့ အချစ်ဇာတ်လမ်းက မိုးရေထဲမှာ စတင်ခဲ့သည်တဲ့။ ဖေဖေ့အတွက် မိုးရေစက်သည် သံယောဇဉ်ကို ခိုင်မာလာစေတဲ့ ပီယဆေးတခွက်...။

"အခုဆိုသူ‌လေ မိုးကိုမေ့နေ၊ မေ့လျော့မှာပါ မိုးရေမိုးရေ"

သီချင်းနောက်ပဲ ဒသတ်ပါလေသလား..။ ဒါမှမဟုတ် ပီယဆေးကပဲ ဆေးမြှီးတိုဖြစ်ခဲ့လေသလား။ အစလည်း ချိုသလို အဆုံးလည်း ချိုပါရဲ့။ ဒါပေမဲ့ အဆုံးရဲ့နောက်မှာ အစပြန်ရှိနေတာကို သိခဲ့ရင် ဖေဖေ ဒီသီချင်းကို ဆိုနေဦးမလား။ ဖေဖေ့နေရာမှာ သူများဝင်လာတာကို မေမေ ပြုံးကာကြိုဆိုခဲ့သည်။ မေမေ့ကိုတော့ အပြစ်မပြောလို၊ ရိုးမယ်ဖွဲ့ရမှာက အခြေအနေနဲ့ အချိန်ကိုသာ..။

"သားအဖေသာရှိရင် သားကိုဖုန်းတွေဆက်နေမှာ.."

"မိုးတွေရွာရင် သားအဖေက ထီးလေးတချောင်းနဲ့ ရောက်ရောက်လာတတ်တာ.."

အချိန်တစ်ခုထိ မေမေ့နှုတ်ဖျားက ထွက်ကျလာမယ့် တမ်းတစိတ်တွေကို တိုင်း စောင့်မျှော်မိသေးသည်။ သို့ပေမဲ့..

"သားဦးလေး ခါးနာနေလို့"

"ကိုထွဋ်လေးရော အဆင်ပြေရဲ့လား"

အထပ်ထပ်၊ အခါခါကြားနေရတဲ့ ဒီစကားသံတွေကြောင့် အချိန်က မေ့မေကို အနိုင်ယူသွားပြီမှန်း တိုင်း သဘောပေါက်ခဲ့ရသည်။ အဖေတူသား တိုင်းကမ္ဘာကလည်း ဖေဖေ့အချစ်ဇာတ်လမ်းလိုပဲ မိုးညိုကို စတွေ့တာ မိုးရွာထဲမှာ..။

မိုးညိုပေးတဲ့ ပိန်းကြာရွက်က တိုင်းကမ္ဘာအတွက် အလုံခြုံဆုံး ထီးကလေး..။ ငယ်ရွယ်မှုကို ချောင်ထိုးပြီး အချစ်မိုးထဲမှာ အချစ်ပျိုးခဲ့ကြသည်။ ငယ်ရွယ်မှုကို ထောက်ပြလို့ ခေါ်လေရာ ပါသွားရပေမဲ့.. တိုင်းက မေမေနဲ့မတူ..။ အချိန်က အရှုံးပေးရတဲ့အထိ သစ္စာတရားက ခိုင်မာခဲ့သည်။

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now