Lay-10 / EP-35

2K 147 125
                                    

(Unicode)

"ဦးလေး ဆရာဝန်က ဘာတဲ့လဲ"

"သားတိုင်း.. မင်းအမေက ကင်ဆာတဲ့"

လွန်ခဲ့သော ၆နှစ်ကျော် အမေ ကင်ဆာဖြစ်တာကို စသိခဲ့တဲ့နေ့။ မန္တလေးမှာ ကျောင်းတက်ချင်တဲ့ တိုင်းရဲ့မျှော်လင့်ချက်တွေ ပျောက်ဆုံးတဲ့နေ့လို့ ပြောလို့ရသည်။ မိုးညိုနဲ့ပြန်ဆုံပါရစေဆိုတဲ့ ဆုတောင်းတစ်ခုကနေ အမေ ကျန်းမာပါစေဆိုတဲ့ ဆုတောင်းပါ ထပ်တိုးလာသည်။ တိုင်း အမေ့ကို စိုးရိမ်ပါသည်။ ဆေးရုံတဖက်၊ ကျောင်းတဖက်နဲ့ ဘန်ကောက်မှာ နေထိုင်ရင်း အမေ့ကို ပြုစုပေးခဲ့သည်။

ကင်ဆာဆဲလ်ကျသွားပြီ၊ ရန်ကုန်မှာပဲ ဆေးကုမည်လို့ ပြောတုန်းက တိုင်းကမ္ဘာသည် အပျော်ဆုံးလူသား။ ခဏလို့တွက်ထားတဲ့အချိန်က ဆယ်နှစ်ကာလ ဖြစ်လာပြီ။ အမေလည်း ရောဂါသက်သာသည်။

သို့ပေမဲ့ မိုးညိုကို လိုက်ရှာရင်း မျှော်လင့်ချက်တွေ ပျောက်ခဲ့ရပြန်သည်။ မေတ္တာစစ်ကို သစ္စာတည်ကာမှပဲ ရွှေမိုးညိုနဲ့ပြန်ဆုံရပြီး ချစ်သူအရိုက်အရာကို အပ်နှင်းခံရသည်။ တိုင်းဘဝက ဝတ္ထုဆန်သည်။ အကွေးအကောက်များတဲ့ ဇာတ်သွားလို အတက်အကျမှန်မှန်သွားသည်။

"ကင်ဆာနောက်ဆုံးအဆင့်တဲ့၊ သုံးလေးလပဲကျန်တော့တယ်ပြောတယ်၊ သူ့ဘေးနားမှာ မင်းကိုရှိစေချင်တယ်တဲ့"

နှစ်သိမ့်နေသူကို ကြောင်အသွားစေတာက မိုးညိုပြောလာတဲ့ စကားတွေပါ။ အရင်တစ်ခါ အမေ ဆေးရုံတက်ရတုန်းက တိုင်း ရန်ကုန်ကို ချက်ချင်းပြန်ခဲ့သည်။ ဆိုးနေတဲ့ စိတ်အခံကြောင့် မိုးညိုကို အဆက်အသွယ် ဖြတ်လိုက်သေးသည်။ တဖက်မှာ သားလိမ္မာဖြစ်ခဲ့ပေမဲ့ မိုးညိုဘက်က ကြည့်ရင် တိုင်းကမ္ဘာသည် ချစ်သူဆိုးတစ်ယောက်..။ အခုလည်း တိုင်းကြောင့် မိုးညို ဝမ်းနည်းနေရပြီ။

"အခုလည်း အမေ့ဘေးမှာ ငါရှိနေတာပဲ မိုးညို၊ မင်းဘာမှမတွေးပါနဲ့"

"အန်တီက မင်းနဲ့ငါကို လက်ခံမပေးနိုင်ဘူး၊ မင်းကို ဆွဲထုတ်သွားတာလို့ သူထင်နေတယ်၊ မင်းကို ငါသိပ်ချစ်တာလို့ ပြောခဲ့ပါသေးတယ် တိုင်း"

4.ညိုခဲ့လေသော် / ညိုခဲ့လေသော် (Completed)Where stories live. Discover now