(Unicode)
~~အလှု့ဒကာကြီးရဲ့ မင်္ဂလာဗျောသံ အလှု့ဒကာကြီးရဲ့ မင်္ဂလာဗျောသံ~~
~~အလှု့အမကြီးရဲ့ မင်္ဂလာဗျောသံ အလှု့အမကြီးရဲ့ မင်္ဂလာဗျောသံ~~
~~ကျက်သရေမင်္ဂလာရှိလိုက်ပုံက ကျက်သရေမင်္ဂလာရှိလိုက်ပုံက~~
~~ဗျောသံ ဗျောသံ မင်္ဂလာဗျောသံ~~
ထိုနေ့လေးကို မှတ်မိသေးသည်။ ရွာကိုပြန်ပြီး ဘုံအလှုမှာ ရှင်ပြုကြတဲ့နေ့..။ နေညိုအပါအဝင် မောင်ရင်လောင်းလေးများက ပါးကွက်ဝိုင်းကို ပါးမှာကွက်ကာ ရှင်ဘုရင်ဝတ်စုံကို ဝတ်ဆင်ကြရသည်။ တခမ်းတနား ခြယ်သထားသော လှည်းယဉ်ထက်မှာထိုင်ရင်း ရှင်လောင်းလှည့်ရတော့ ဖေဖေက နေညိုတို့ကို ကြည့်ပြီး ပီတိမျက်ရည်ကျသည်။ ကျောင်းတိုက်မှာ ဆံရိတ်ပြီး ဆရာတော်ကို သင်္ကန်တောင်းတာကိုကြည့်ရင်း မေမေက ဝမ်းသာမျက်ရည်ကျပြန်သည်။ နေညိုတို့ မွေးဖွားလာစဉ်ကနေ အသက်၁၅နှစ်အရွယ်ထိ မိဘနှစ်ပါးကို မျက်ရည်ကျစေတာဆိုလို့ ဒီတစ်ကြိမ်ပဲ ရှိသည်။
"ဖေဖေ မေမေ သားတို့နှစ်ယောက်ပြောစရာရှိတယ်"
"ဟေ၊ ထူးထူးဆန်းဆန်းပါ့လား၊ ဘာများတုန်း သားငယ်ရဲ့"
"ဟို.."
နေညို့လက်ဖဝါးထက်က ညီညီ့လက်ဖျားလေးတွေက ရေခဲတုံးလို အေးစက်လို့နေသည်။ ညီညီကြောက်နေမှန်း နေညိုသိပါသည်။ နေညိုကိုယ်တိုင်လည်းကြောက်သည်။ ဒါပေမယ့် ဒီထက်ပိုပြီးဖုံးကွယ်မထားချင်တော့။ ဟန်ဆောင်ရတာကို နေညိုပင်ပန်းနေပြီ။
"ရတယ်၊ ငါပြောလိုက်မယ် ညီညီ၊ ဖေဖေ မေမေ.."
"အေး သားကြီး"
ဖေဖေတို့ရဲ့ အကြည့်တွေမှာ မျှော်လင့်ချက်ရော..၊ ခန့်မှန်းချက်ရောမပါ..။ သိချင်လိုစိတ်နဲ့သာ ဝင့်ကြည့်နေကြသည်။ ဒီရိုးစင်းလှတဲ့ မျက်ဝန်းတွေကို နေညိုရင်မဆိုင်ရဲပါ..။ ညီညီ့လက်ကိုသာ အားကုန်ညှစ်ကိုင်ရင်း မျက်လုံးကို စုံမှိတ်ပစ်လိုက်သည်။
"သား.. သား မိန်းကလေးလို နေချင်တယ်"
"ဟေ"
YOU ARE READING
4.ညိုခဲ့လေသော် / ညိဳခဲ့ေလေသာ္ (Completed)