Unicode
ညက သူ့ရဲ့အရုပ်ကလေးကို သိမ်းပိုက်ထားတဲ့အရှိန်ကြောင့် ပင်ပန်းနေတာကတစ်ကြောင်း၊ သူ့အရုပ်ကလေးအား ရင်ခွင်ထဲထည့်အိပ်တာမို့ အမည်မသိနွေးထွေးမှုလေးက စိတ်ထွက်ပေါက်ဖြစ်စေတာကတစ်ကြောင်းမို့ အိပ်ဆေးမသောက်ဘဲနဲ့တောင် Taehyungတစ်ယောက်တော်တော်နဲ့မနိုးပေ~
အချိန်အားဖြင် နံနက်10နာရီရှိနေပြီဖြစ်သော်လည်း စိတ်ငြိမ်ရပ်ကွက်ရှိ အပန်းဖြေအိမ်ဖြစ်တာကြောင့်ရော အခန်းကအသံလုံတာကြောင့်ရောပေါင်းကာ တိတ်ဆိတ်နေတာမို့ ထယ်ယောင်းရဲ့ အသက်ရှုသံမှတစ်ပါး ဘာမှမကြားရပေ~Ring~~
"အင်း Hello.."
ရုတ်တရက် မြည်လာသော nightstandပေါ်ရှိဖုန်းကြောင့် မွေ့ယာထက်တွင်လွန့်လူးကာ မျက်လုံးမဖွင့်ပဲ ကိုင်လိုက်သည်~
"Tae.. နံနက် 11နာရီ Meetingရှိတာ သိတယ်နော်..ဘာလို့ခုထိမလာသေးတာလဲ?"
"အာ ခဏနေလာခဲ့မယ် ကျွန်တော်အိပ်ပျော်သွားလို့ ဒါပဲ__"
တီ__
တဖက်လူရဲ့တုံ့ပြန်သံဆိုတာ Taehyungခွင့်ပြုမှ ပြောခွင့်ရှိတာမို့ ဒီတစ်ခါလည်း လိုရင်းကိုပြောပြီးတာနဲ့ ဖုန်းကိုချပစ်လိုက်သည်~
မွေ့ယာပေါ်မှ ထထိုင်ကာ တစ်ဖက်ကို ကြည့်လိုက်တော့ အရုပ်ကလေးဟာ ရှိမနေခဲ့ပေ~
"ဟက်..မင်းလည်း သူတို့နဲ့ တူတူပဲ အရုပ်ကလေး~"
မျက်လုံးနှစ်လုံးပွင့်တာနဲ့ မြင်ချင်သော မျက်နှာလေးကို မြင်ခွင့်မရလိုက်တာကြောင့် စိတ်တွေဟာ လန်းဆန်းမနေခဲ့ပါ~
ကပြာကယာရေချိုးပြီး အဝတ်လဲကာ အောက်ထပ်သို့ဆင်းလာခဲ့သော Taehyungသည် All black suitကို သပ်ရပ်စွာ ဝတ်ထားပြီး ဆံသားနက်တို့ကိုလည်း နဖူးပေါ်သို့ သေသပ်စွာ ဖြီးသင်ထားသည်~"Jungkookသွားပြီလား?"
အောက်ထပ်ရောက်တော့ လှေကားအဆင်းတွင် အဆင်သင့်ရပ်စောင့်နေသော Bodyguardတစ်ယောက်အား မေးလိုက်သည်~
"လွန်ခဲ့တဲ့ နာရီဝက်ကမှ ပြန်သွားတာပါ သခင်ကြီး~"
"အင်းး သွားစို့.."
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.