Ep : 10

3.2K 286 29
                                    

Unicode

အခန်းထဲပြန်ရောက်တာနဲ့ မွေ့ယာထက်တွင်အေးချမ်းစွာအိပ်ပျော်နေသော ကိုယ်ငယ်လေးရှိရာဦးတည်ကာသွားပြီး နဖူးပြေပြေလေးအား ညင်သာစွာ နမ်းရှိုက်ရင်း ကုတင်ဘေးရှိခုံတွင် ဝင်ထိုင်လိုက်သည်..

စကားဆိုလို့တစ်လုံးတောင်မျှ မဟပါဘဲ Jungkookကိုသာ အရိပ်တကြည့်ကြည့် နဖူးလေးနမ်းလိုက် ပါးလေးမွေးကြူလိုက် လက်လေးအား နမ်းလိုက်လုပ်နေသော Taehyungသည် ခြောက်ကပ်စပြုနေပြီဖြစ်သောသွေးစတို့စွန်းထင်နေတဲ့ သူ့ရဲ့လက်ကိုတော့ သတိမရပေ..
Jinအတော်လေးပင် အံ့ဩမိသည်..သူနဲ့ငယ်ငယ်တည်းက အတူကြီးပြင်းလာတဲ့ ညီငယ်လေးလို မျိုးဖြစ်သည့်Taehyungရဲ့ စိတ်ကို အဖေရင်းနဲ့ အစ်ကိုရင်းထက် သူကပိုသိသည်..
အမေဖြစ်သူကြောင့် စိတ်ဒဏ်ရာနဲ့ရှင်သန်လာခဲ့ပြီး ကိုယ့်ကိုယ်ကို ကြံ့ခံအောင် ကြိုးစားခဲ့တဲ့သူ
အရယ်အပြုံးမရှိဘဲ ခံစားချက်တောင်မရှိတဲ့သူလို့ တင်စားရလောက်တဲ့ Taehyungက
တစ်ခါမှ ဒီလောက်ထိ ရုပ်ပျက်ဆင်းပျက်ပြို‌လဲနေတာမျိုး တစ်ခါမှမမြင်ဖူး..
အင်းး...စိတ်ပူမိသည်..သူလည်းဘဲ သူ့အဖေလို အချစ်ကြောင့် ဘဝပျက်သွားမှာမျိုး မလိုချင်ပါ..
Jungkookသည် Taehyungရဲ့အမေလို လူမျိုးမဟုတ်ပေမယ့်လည်း ကြံဖန်စိုးရိမ်မိသည်..
ဒီကောင်လေးက အပြင်ကသာ သန်မာနေတာ နှလုံးသား အင်မတန်နူးညံ့တာ သူအသိဆုံးမဟုတ်လား...

"Tae~~လက်ကို ဆေးထည့်ရအောင်လေ..မဟုတ်ရင် အနာကပိုရင်းသွားလိမ့်မယ်"

"ရင်းတော့လည်း ကောင်းတာပဲ..ဒီဒဏ်ရာက ကျွန်တော့်အရုပ်ကလေးခံစားရတာနဲ့ ယှဉ်ရင် အသေးအဖွဲပါ.."

"ပေတေမနေနဲ့ Tae! Kookieနိုးလာလို့ မင်းရဲ့ ခုလိုပုံကိုမြင်ရင် ဘယ်လိုနေမလဲ? သူစိတ်မကောင်းဖြစ်မှာကို မြင်ချင်ရင်တော့ မထည့်နဲ့..!!"

"ရော့..!"

Kookieဆိုတာနဲ့ ဘာလာလာ ဒေါင်းသောTaehyungကိုကြည့်ပြီး ခေါင်းသာခါလိုက်ရင်း ဘေးနားတွင် အဆင်သင့်ရှိသော ဆေးသေတ္တာထဲမှ ဂွမ်းအချို့ကိုယူကာ ရေနွေးနွေးဖြင့် စိမ်လိုက်ပြီး သွေးတွေပေးနေသောလက်အားအရင်သန့်စင်ပေးလိုက်သည်..ရေခြောက်တာနဲ့ ဆေးထည့်ပြီး ပတ်တီးတစ်ခါတည်းစည်းပေးလိုက်သည်..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now