[ This part contains mature contents.So if you're under 18 years old, then be good babies and don't read ]
Unicode
"ကျွန်တော့်ကို ချစ် ချစ်လားဟင်?"
မဝံ့မရဲမေးလိုက်မိသည်..
အမှန်တကယ်သိချင်နေမိတဲ့အတွက်ဆိုလည်း မမှား..သူ့ကို ဝယ်ထားပြီးအပိုင်ရနေမှန်းသိရဲ့နဲ့ ဘာလို့များ လူသူရှင်ကြားလက်ထပ်လဲဆိုတဲ့အကြောင်းအရင်းပေါ့..
သို့ပေမယ့် jungkookရဲ့ မျှော်လင့်ချက်ရောင်ခြည်လေးက တစ်လုံးချင်း ပီသပြတ်သားစွာ ထွက်ပေါ်လာသည့် စကားစုလေးအဆုံးမှာအလဲလဲအပြိုပြို..' မ ချစ် ဘူး ' တဲ့လေ..
ဒါဆိုဘာလို့များ မျှော်လင့်ချက်တွေပေးရတာလဲ..
ဒီတိုင်း သခင်နဲ့ လိင်ကျွန်ဆိုတဲ့ဆက်ဆံရေးလေးအတိုင်း နေပါရောလား..
ဘာလို့များ မချစ်ဘဲနဲ့ သူ့ကို.....
ဆက်ပြီးမတွေးချင်တော့သလို တွေးနိုင်စွမ်းလည်းမရှိ..တစ်ကောင်ကြွက်ဘဝမှာ အနည်းဆုံးတော့ Tae Tae hyungက ချစ်မှာပါဆိုတဲ့ အသိလေးနဲ့ မျှော်လင့်ခဲ့မိသူပါ..
သူ့အပေါ်က ခုထိမဖယ်သေးသော Tae Tae hyungကို ငေးကြည့်နေရင်းမှာ ပုလဲစုလေးတွေက မျက်ဝန်းဝိုင်းလေးတွေထံ ခိုတွဲလာရင်း မျက်ဝန်းထောင့်လေးမှ အတားဆီးမဲ့စွာ ကျလာသည်.."ကိုယ်ငိုတာ မကြိုက်ဘူးနော်..ကိုယ်ပြောတာ နားထောင်..လောကမှာ အချစ်ဆိုတာ တကယ်မရှိဘူး..ရှိခဲ့ရင်တောင် အဲ့အချစ်ကို ကိုယ်မယုံဘူး!
အဲ့တော့ နောက်တစ်ခါ အဲ့လိုကိုယ့်ကိုမမေးပါနဲ့!ကိုယ်အဖြေက အမြဲတစ်ခုတည်းမို့.."အသံတိတ်မျက်ရည်ကျနေသော ကလေးလေးရဲ့ မျက်ဝန်းထောင့်အား လက်မဖြင့် ဖိသုတ်ပေးရင်း ရင်ထဲကမပါသော စကားကိုသာဆိုခဲ့သည်..
သူ ကလေးလေးကို ဘယ်လောက်ထိချစ်လဲ မဟုတ်ဘူး မြတ်နိုးလဲဆိုတာ ကိုယ်တိုင်သာသိသည်..သို့ပေမယ့် ခဲမှန်ဖူးတဲ့ စာသူငယ်လို ဖြစ်နေတော့ ကြောက်မိသည်..
သူဝင်ခံမှ ထွက်သွားမှာမျိုး..
မာမီက ဒယ်ဒီကို ထားသွားသလိုမျိုးပေါ့.."ဒါ ဒါဆို ဘာလို လက်ထပ်ရတာလဲ?"
"ကလေးလေးကို ကိုယ့်ရဲ့sex slaveပါဆိုပြီး လူတွေက ကဲ့ရဲ့မှာကိုမခံစေချင်လို့..ကိုယ့်လိုလူက ဘာမှဂရုမစိုက်တာမှန်ပေမယ့် ကိုယ့်ကလေးလေးကိုတော့ သိပ်ဂရုစိုက်တယ်..ကလေးလေး စိတ်မကောင်းဖြစ်တာမျိုးမလိုချင်ဘူး..ပြီးတော့ ခုကစပြီး ကိုယ်က ကလေးလေးကို ပိုင်သလို ကလေးလေးကလည်း ကိုယ့်ကိုပိုင်တယ်..ကိုယ့်အသက် ကိုယ့်ဝိဉာည်..ကိုယ့်ပိုင်ဆိုင်မှု ကိုယ့်ရဲ့အရာလုံးပေါ့..အဲ့တော့ အချစ်ဆိုတဲ့ အရေးမပါတာကြီးကိုတွေးမနေနဲ့.."
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.