Unicode
အသက်ရှူသံယဲ့ယဲ့သာ ကြားရသော အခန်းကျယ်ကြီးထဲတွင် တစ်ယောက်နဲ့တစ်ယောက်တင်းကျပ်စွာ ဖက်တွယ်ရင်း အိပ်မောကျနေသော လူသားနှစ်ယောက်ထဲမှာမှ တစ်စုံတစ်ယောက်သည်..နားစည်သို့ တိုးညင်းစွာ ပဲ့တင်လာသော နှလုံးခုန်သံ တစ်ဒိတ်ဒိတ်ကြောင့် ပိတ်ကားချထားသော မျက်တောင်အစုံဟာ ပွင့်လစ်လာခဲ့သည်..
ထိုအခါ သူရောက်နေတာက နွေးထွေးသော ရင်ခွင်ကျယ်တစ်ခု..
နီးကပ်လွန်းတဲ့ အနေအထား..
မျက်လုံးဖွင့်ဖွင့်ချင်း အမြင်အာရုံထဲတိုးဝင်လာတာက မို့မောက်နေတဲ့ ရင်အုပ်ကျယ်ကျယ်..
ဦးခေါင်းကို အသာအယာမော့ကြည့်လိုက်လျှင်ဖြင့် အေးချမ်းစွာ အိပ်မောကျနေသော မျက်နှာချောချောက တုနှိုင်းစရာမရှိပေ..သူအခုမှသေချာကြည့်မိသည်..Tae Tae hyungရဲ့ ဖြောင့်စက်းနေတဲ့နှာခေါင်ထိပ်လေးမှာ တည်ရှိနေတဲ့ မှဲ့နက်ကလေး..
အသည်းယားလွန်းစွာဖြင့် ထိုမှဲ့နက်လေးတည်ရှိရာကို ခပ်ဖွဖွနမ်းလိုက်မိသည်..*Tae Tae hyungအနားမှာ အမြဲနေရတဲ့ မင်းကိုအားကျလိုက်တာ မှဲ့နက်လေးရယ်*
ခါးသိမ်သိမ်လေးအား တင်းကြပ်စွာဖက်တွယ်ထားသော လက်တို့အား ဖယ်ရန်အပြု ပို၍တင်းကြပ်လာတာကြောင့် လှုပ်မရပြုမရတဲ့အပြင် ရုတ်တရက်ထွက်ပေါ်လာသော အိပ်ယာနိုးစခပ်ဩဩအသံကြောင့် အသက်ရှူရပ်မတပ်ပင်..
"ငြိမ်ငြိမ်လေးနေပေးမလား နှုတ်ခမ်းတစ်ခုလုံးဖူးယောင်ပြီး အသက်ရှူရပ်သွားတဲ့အထိ ကိုယ်နမ်းရမလား?"
ပြောရင်ပြောတဲ့အတိုဂ်းလုပ်တတ်တဲ့ Tae Tae hyungကြောင့် လှုပ်နေတဲ့လက်ကလေးတွေဟာ controlလုပ်ခံလိုက်ရသလို တိခနဲရပ်သွားတော့သည်..
သို့ပေမယ့် ထိုအထဲအတွင် ပါးစပ်ကလေးမပါတဲ့အခါ..."ဘယ်..ဘယ်အချိန်တည်းကနိုးနေတာလဲ?"
"ကိုယ့်အရုပ်ကလေး မနိုးခင်တည်းက..အဟွန်းး~"
ဒါဆို နမ်းလိုက်တာကို သိတယ်ဆိုတဲ့သဘောပေါ့..
သွားပြီ Jeon Jungkookအရှက်တော့ကွဲပြီ..
ဘာလို့များ ဆက်ဆင်ခြင်ခြင်မနေခဲ့မိတာလဲ.."ကိုယ်တို့က အတူတောင်နေပြီးပဲဘဲ..ရှက်မနေနဲ့..ဆန္ဒသာရှိရင် ဒီထက်မက ကိုယ့်ကိုထပ်လုပ်လို့ရတယ် ပြွတ်~"
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.