Ep : 12

2.9K 267 26
                                    

Unicode

"ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့..ဟင့်!"

"အရုပ်ကလေးရဲ့မေမေကို ခွဲစိတ်ပေးတဲ့ဆရာဝန်တွေက အရမ်းတော်တာမို့ အဆင်ပြေမှာပါ~"

"ကျွန်..ကျွန်တော်ကြောက်တယ် Tae Tae hyung~ဟင့်! မေမေသာ တစ်ခုခုဖြစ်ခဲ့ရင် အဟင့်!"

"ရှူးးး အဲ့လိုမတွေးရဘူးလေကွာ~ကိုယ်ပြောတာယုံ..သေချာပေါက် ခွဲစိတ်မှုအောင်မြင်မှာပါ‌.."

"အဟင့် ! ဟင့်!"

ခွဲစိတ်ခန်းတံခါးဝတွင် ခြေစုံရပ်ကာ တသွင်သွင်ငိုနေသော အရုပ်ကလေးအား တက်နိုင်သမျှနှစ်သိမ့်စကားဆိုရင်း ရင်ခွင်ထဲသိမ်းကြုံးကာ ဖက်ထားမိသည်~
သူဘယ်လောက်ပဲ စိတ်ပြေအောင်နှစ်သိမ့်ပြောနေပေမယ့် အမှန်တကယ်သူလည်းစိတ်ပူမိသည်~
နှလုံးရောဂါသည်ဆိုတာ အချိန်မရွေးတစ်ခုခုဖြစ်သွားနိုင်တာမို့.. ပြီးတော့ အရုပ်ကလေးအမေရဲ့ စိတ်ခံစားချက်ကလည်း ခုချိန်မှာကောင်းနေတာမဟုတ်ပေ~
ဆရာဝန်ကြီးတွေက အကောင်းဆုံးလုပ်နေတယ်ဆိုပေမယ့် မိခင်ကို စိတ်ပူမှာပါပဲလေ..သွေးသားဆိုလို့ ဒီအမေဘဲရှိတာမဟုတ်လား?
ခက်တော့ ခက်သား!
လူတစ်ယောက်ကို မျက်တောင်တစ်ခပ်အတွင်း ဇီဝိန်ချုပ်တည်းအောင်လုပ်‌နေပြီး မကောင်းမှုအကုန်လုပ်တဲ့Mafiaတစ်ယောက်က တစ်စုံတစ်ယောက်စိတ်ဆင်းရဲမှာစိုးရိမ်နေမိတယ်ဆိုတာ သူ့ပြိုင်ဘက်တွေသာသိရင် ဟားကြတော့မှာအမှန်!

ကျွီ~~

"ဆ..ဆရာ! မေမေ ဘယ်လိုနေလဲဟင်? "

"စိတ်‌မကောင်းပါဘူး~ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပေမယ့် လူနာက အသက်မရှင်ချင်ဘူးထင်ပါရဲ့~"

"မ..မဖြစ်နိုင်တာ! မယုံဘူး!မေမေက ဘာလို့!!"

ပြောစရာစကားမရှိ မျက်ရည်များသာ တာကျိုးသလိုပြိုကျလာသည်..
အခုချိန်ထိ အားတင်ထားနိုင်တာ မေမေရှိတယ်ဆိုတဲ့ ဖြစ်တည်မှုလေးတစ်ခုကြောင့်ပဲ
‌သူ့ဘဝမှာ မေမေမရှိလို့မဖြစ်ဘူး!
မေမေရှိနေတဲ့ဆိုတဲ့အသိနဲ့ဘဲ အရာအားလုံးပေးဆပ်ခဲ့တာ ..
သူ့‌ဖခင်ရဲ့က‌လဲ့စားအတွက် ဘဝတစ်ခုလုံးအဆုံးရှုံးခံပြီးစတေးခဲ့တာ..ဖေဖေအတွက် တရားမျှတမှုကိုပြန်ယူနိုင်ဖို့ လမ်းတစ်ဝက်ရောက်ကာမှ သူ့ဘဝရဲ့အရေးကြီးဆုံးရတနာတစ်ပါးကို ဆုံးရှုံးလိုက်ရသည်!
နှလုံးသားတစ်ခုလုံးကို ပြုတ်ထွက်သွားသလိုမျိုး နှလုံးခုန်နှုန်းရပ်မတပ် အသက်ပင်ဝအောင်မရှူနိုင်တော့ပါ..
ပြောစရာစကားများဟာလား လည်ချောင်းဝမှာတင်တစ်ဆို့နေခဲ့ပြီး နောက်ဆုံးမှာတော့ အရာအားလုံးဟာ အမှောင်အတိ..
မေမေက သူ့ကိုလွှတ်ချခဲ့သလို သူလည်းပဲအရာအားလုံးကိုလွှတ်ချလိုက်ပြီ!!

Slave To You  ( Taekook ) ( Completed )Where stories live. Discover now