Ep : 13

3K 260 57
                                    

Unicode

လပြည်ညဆိုသော်လည်း တိမ်တိုက်တွေရဲ့ဖုံးကွယ်မှုကြောင့် လမင်းကြီးရော ကြယ်ကလေးတွေပါမကျန် ကွယ်ပျောက်နေပြီး အမှောင်လွှမ်းနေသည်..
လျှပ်စစ်မှရသော လမ်းမီးတိုင်တို့ရဲ့အကူဖြင့်သာ လမ်းမကြီးဟာ လင်းနေခြင်းဖြစ်သည်..
အချို့သောသာမန်ရပ်ကွက်ငယ်လေးတစ်ခုမှာတော့ ကွက်ကြားဖြစ်နေသော လမ်းမီးတိုင်တွေကြောင့် အနည်းငယ်ပိုမှိန်ကာ တိတ်ဆိတ်မှုအတိ..
ညခင်းလေတိုးသံသဲ့သဲ့နှင့် ခွေးဟောင်သံသာ ပဲ့တင်ထပ်နေသည်..

ထိုရပ်ကွက်လေးရှိ ခြံတစ်ခြံရှေ့တွင်တော့ အနက်ရောင် ကားကြီးသုံးစီးခန့်က အစီအရီရပ်ထားသည်..အမဲရောင်suitအပြည့်ဝတ်ထားသော ထောင်ထောင်မောင်းမောင်း လူဆယ်ယောက်ခန့်ကလည်း ခြံဝန်းလေးအား လေးပတ်လေးလံဝန်းရံထားကာ စောင့်နေကြလေသည်..

ခြံဝန်းလေးအတွင်းရှိ အိမ်ငယ်လေးထဲမှာ‌တော့
ကောင်လေးတစ်ယောက်ရဲ့ရှိုက်သံလေးကသာ အပြင်လောကနဲ့မတူ ပဲ့တင်ထပ်နေသည်..

"မေမေကြိုက်တဲ့ ကင်မ်ချီဟင်းရည်လေး သားချက်ထားပေးတယ်နော်~ မေမေပဲ ထပ်စားချင်သေးတယ်လို့ ပြောခဲ့တယ်မလား?"

"ဒီမှာအေးနေပြီ မေမေ့ရဲ့.."

ဝါကျင့်ကျင့်မီးရောင်လေး၏အလင်းသာရှိတဲ့အခန်းငယ်လေးရဲ့ ထောင့်တွင် ထိုင်နေသောကောင်လေးသည် ရှေ့တွင်ချထားသော ထမင်းပန်းကန်လုံးလေးနဲ့ ကင်မ်ချီဟင်းရည်လေးကို ကြည့်လိုက် ရင်ခွင်ထဲတွင် ထွေးပွေ့ထားသည့် လေးထောင့်ပုံလေးရှိ ကြည်ကြည်လင်လင်ပြုံးနေသော အမျိုးသမီးအား တစ်လှည့်ကြည့်ကာ ဆိုနေလေသည်..
တစ်ခွန်းပြောတိုင်း  တစ်ဆတစ်ဆပိုကျဆင်းလာသော မျက်ရည်တို့သည် ပါးပြင်မှ လည်တိုင်အထိရောက်နေ‌ပြီဖြစ်သော်လည်း မသုတ်မိ..
အခန်းပြတင်းတွေဖွင့်ထားတာကြောင့် တလွှင့်လွှင့်တိုးဝေ့နေသော လေအေးက ပါးပြင်သို့ ဖြတ်သန်းတိုးဝေ့ခိုက် မျက်ရည်များဟာ ခြောက်သွားပြီး စီးကြောင်းလေးဖြင့်သာ ကျန်ခဲ့သည်လေ..

"ပြီး ပြီးတော့ မေမေ့ မွေးနေ့ကျရင်ပေးဖို့ သားဝယ်ထားတာလေးရှိသေးတယ် သိလား?"

Slave To You  ( Taekook ) ( Completed )Where stories live. Discover now