Ep : 14 🚨

3.9K 261 59
                                    

[ Little Warning ပါနော် ]

Unicode

အလုပ်မတက်တာက နှစ်ပတ်ဆိုတော့ ရုံးပြန်တက်တော့ သူ့မှာလုပ်စရာတွေပုံနေတာမို့ ကလေးကိုတောင် သိပ်ဂရုမစိုက်မိပေ
အချိန်ပြည့် နှစ်ချုပ်စာရင်းတွေပြန်စစ်နေတာနဲ့ပဲ အချိန်တွေဟာ ကုန်လို့ကုန်မှန်းမသိ

"ဒီမှာပါ ဥက္ကဌ~ ဒီထဲက တစ်ပုံကို အတည်ပြုပေးရုံပါပဲ.."

နှစ်ကုန်လောက်မှာကျင်းပမည့်ပွဲအတွက် သူကိုယ်တိုင်ဦးစီးကာ designerအသစ်တွေခေါ်ခဲ့တာဖြစ်သည်..အခုလည်း ထိုပွဲတွင် ‌တင်ပြမည့်အကောင်းဆုံးdesignကို သူက အတည်ပြုရခြင်း
ဒီပွဲကလည်း သာမန်ပွဲမဟုတ် တစ်ကမ္ဘာလုံးမှာရှိတဲ့ နာမည်ကြီးbrandတွေရဲ့ လက်ဝတ်ရတနာတစ်မျိုးဆီကို ပြသခြင်းဖြစ်သည်မို့ အပြိုင်အဆိုင်သိပ်များသည်လေ..ထိုအပြင် ထိုပွဲက ရတနာအချို့က နိုင်ငံအသီးသီးရဲ့ ထိပ်သီးလူတွေကသာ ဝယ်နိုင်ကြခြင်းဖြစ်သည်..
Taehyungရဲ့ Vante brandက သုံးနှစ်တစ်ကြိမ်ကျင်းပတဲ့ပွဲတိုင်း အမြဲပထမရသလို ဈေးမည်မျှကြီးကြီးအမြန်ဆုံးလည်း ရောင်းထွက်သည့်brandဖြစ်သည်လေ..ဒီ‌နှစ်လည်း အရှုံးမရှိခဲ့သည့်သူက ထပ်နိုင်ချင်တာမို့ အလေးပေးနေရခြင်း..

"Designတွေက အကုန်လုံးကောင်းတယ်..ဒါမဲ့ ဒီတစ်ခုကိုတော့ တော်တော်သဘောကျတယ်!"

"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ ဒီတိုင်းထုတ်ဖို့အတွက် ထုတ်လုပ်ရေးဘက်ကို ပြောလိုက်ပါမယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


"ဟုတ်ကဲ့ ဒါဆို ကျွန်တော်တို့ ဒီတိုင်းထုတ်ဖို့အတွက် ထုတ်လုပ်ရေးဘက်ကို ပြောလိုက်ပါမယ်.."

"ကောင်းပြီ ပြီးတော့ အမှားယွင်းရှိလို့မရဘူးဆိုတာ သိတယ်နော်!"

"ဟုတ်ကဲ့..ဥက္ကဌ"

Design Departmentမှ ဌာနမှူးသွားသည်နှင့် ကလေးလေးရှိရာဘက်ကြည့်တော့ ဆိုဖာပေါ်မှာကွေးကွေးလေးအိပ်နေတုန်း..
နေ့လည်စာ စားပြီးကတည်းက သူလည်းအလုပ်ပြန်လုပ် ကလေးလေးကလည်း အိပ်နေတာဖြစ်သည်..
စုံလည်ကုလားထိုင်‌နောက်တွင် ချိတ်ထားသောlong coatအားယူကာ ဆိုဖာပေါ်ရှိ ကလေးအား လွှမ်းခြုံပေးလိုက်သည်..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now