Unicode
After 6 months >>>
ဒုန်း!
အခန်းတံခါးအား အသံကျယ်ကျယ်ဆွဲဖွင့်ကာ ဝင်လာသောသူကြောင့် အကုန်လုံးမှာ လန့်ဖျန့်သွားရသည်..ထိုသူကတော့ဂရုမစိုက်စွာဘဲ ကုတင်ဘောင်အားမှီလို့ မွေ့ယာကြီးထက် လှဲနေသည့်ကောင်လေးဘေး ဝင်ထိုင်လိုက်သည် ..
"Tae Tae hyung ! "
Jungkookမျက်နှာလေးအား သူ့ရဲ့လက်ဖဝါးပြင်ကြီးဖြင့် ခပ်ဖွဖွကိုင်ကာ တစ်ကိုယ်လုံး စူးစမ်းသလိုစစ်ဆေးနေတဲ့Tae Tae hyungရဲ့မျက်ဝန်းတွေမှာ စိုးရိမ်မှုအပြည့်..မျက်ခုံးထူထူတွေတွန့်ချိုးလို့ Jungkookမျက်နှာအား ကိုင်ထားသည့်လက်ဖဝါးပြင်သည်ပင် အေးစက်နေသည်။
Tae Tae hyungကတော့ သတိထားမိပုံမပေါ်.."ကိုယ့်ကလေးလေး မူးလဲတယ်ဆိုလို့ ! ဘာဖြစ်တာတဲ့လဲ ? ဆရာဝန်ရော ပြန်သွားပြီလား ? တောက် ! ကျွန်တော်မလာသေးဘဲ ဘာလို့ပြန်လွှတ်လိုက်တာလဲ hyung ! "
" ကဲ Kookie ~ မင်းယောက်ျားကို မင်းဘဲပြောတော့ ! "
"ဟာ hyung နေဦးလေ ! ကျစ် ! "
"Tae Tae hyung ~ ဘာလို့ဒေါသကြီးရတာတုန်း ~ ခဏခဏလေး အသက်ကိုမှန်မှန်ရှူ ~ စိတ်ကိုလျှော့ ! "
"ဟင်း ~~ "
ရင်ဘက်ကြီးပိန်လိုက်ဖောင်းလိုက်ဖြင့် အသက်ရှူသံတွေပြင်းနေသော Tae Tae hyungရဲ့လက်အားအသားဆုပ်ကိုင်ရင်း အသက်မှန်မှန်ရှူဖို့ပြောရသည်..သူပြောတော့ မျက်ဝန်းတို့ကိုစုံမှိတ်ချကာ စိတ်လျှော့နေဟန်..
Taehyung လုပ်ငန်းပါတနာအချို့နဲ့ projectအသစ်အတွက်ဆွေးနွေးနေစဉ်မှာပင် အိမ်ကနေဖုန်းဆက်လာတာဖြစ်သည်.."မူးလဲလို့ပါ"ဆိုတဲ့အဆုံး ဘာမှမစဉ်းစားတော့ဘဲ နေရာမှပြေးထွက်ကာ ကားကိုအိမ်အထိဒုန်းဆိုင်းမောင်းချလာတာဖြစ်သည်..ဒီရက်ပိုင်း ကလေးလေးမျက်နှာက ချောင်ကျပြီး အစားအသောက်မဝင်ဘဲ ခေါင်းခဏခဏမူးနေတာဖြစ်သည်မို့ အခုကြားတော့စိတ်ပူလွန်းလို့ရူးမတက်ပဲ..
ကလေးလေးကိုယ်တိုင် သူ့ကိုစိတ်လျှော့ဖို့ပြောတော့မှ အသက်ကို မှန်အောင်ပြန်ရှူရင်း အဆင်ပြေသွားတဲ့အခါ မျက်လုံးကိုပြန်ဖွင့်လို့ ကလေးလေးရဲ့လက်နှစ်ဖက်အား ပြန်ဆုပ်ကိုင်ပြီး...
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.