Unicode
ကောင်းကင်ထက်တွင် ဝင့်ကြွားစွာထွန်းလင်းတောက်ပနေသောလမင်းကြီး တဖြည်းဖြည်းကွယ်ပျောက်ကာ သူရိန်နေမင်းကြီးက အစားဝင်လာတာနဲ့တပြိုင်နက် နေ့တစ်နေ့ကိုစတင်တော့သည်..
နေမြင့်လာသည်နှင့် သက်ဝင်လှုပ်ရှားစပြုလာသော ပတ်ဝန်းကျင်နှင့် လူသားများ..
ချမ်းသာကြွယ်ဝသော သူဌေးသားသမီးလေးတွေလို ဇိမ်ခံကာ မအိပ်နိုင်တဲ့ Jungkookမှာတော့ သူ့ရဲ့တစ်နေ့တာအတိုင်း ရေမိုးချိုးပြင်ဆင်ပြီး မနက်စာစားရန်အသင့်ပြင်ရသည်..ထို့နောက် မနက်ပိုင်းအလုပ်ချိန်မရှိတော့တဲ့သူ့အတွက် ကျောင်းသို့စောစောသွားကာ စာလေ့လာရန်သာဖြစ်သည်..ကျောင်းရောက်တော့ ပုံမှန်ထိုင်နေကျ နောက်ဆုံးတန်းရှိ ပြတင်းပေါက်နဲ့ကပ်ရပ် ထောင့်စွန်းခုံတွင် ထိုင်လိုက်ရင်း စာဖတ်ကာ အတန်းစမယ့်အချိန်သာစောင့်နေလိုက်သည်..
ကျောင်းသား/သူတို့ရဲ့ စကားသံတွေကို လစ်လျူရှုရင်းပေါ့..
ခဏအကြာ.."မင်္ဂလာပါ ကလေးတို့.."
"မင်္ဂလာပါ Sam.."
ဆရာရောက်တာနဲ့ ဆူညံနေသောစာသင်ခန်းသည် အပ်ကျသံတောင်ကြားရသည်အထိတိတ်ဆိတ်သွားသည်..
"မနေ့ကပေးလိုက်တဲ့ Assignmentတွေ လာထပ်ပြီးရင် စာစသင်ကြတာပေါ့.."
"ဟုတ်ကဲ့ Sam.."
.
.
.
Time Skip>>ဒီနေ့ Jimin hyungက Busanက အဖွားဆီပြန်သွားတာမို့ ကျောင်းမတက်ပေ..
ထို့ကြောင့် ကျောင်းကန်တင်းတွင် Jungkookတစ်ယောက်တည်းသာ.."အာ..ကျွန်တော်မမှာထားဘူးလေ.."
ကန်တင်းထဲရှိ ထောင့်ကျကျစားပွဲဝိုင်းတွင်ထိုင်ကာ ထမင်းစားနေတုန်း ဘယ်သူမှန်းမသိတဲ့ ဝတ်စုံနက်တစ်ယောက်ရောက်လာပြီး သူသိပ်ကြိုက်တဲ့ အသားညှပ်ပေါင်မုန့်၊pizzaအပြင် ယူဖို့မေ့လာခဲ့တဲ့ banana milkတစ်ကဒ်အား လာချပေးတာမို့ ကြောင်တောင်တောင်မေးလိုက်ခြင်း..
သို့ပေမယ့် ထိုသူက သူ့အားအရိုအသေတစ်ချက်ပြုကာ ပြန်ထွက်သွားတာမို့ ဘာလုပ်ရမှန်းမသိ..
သူစိမ်းပေးတဲ့မုန့်ထဲ ဘာတွေပါမှန်းမသိနိုင်တာမို့ စားရမလို..မစားရမလိုဖြစ်နေရင်းးး..
YOU ARE READING
Slave To You ( Taekook ) ( Completed )
RomanceUnicode & Zawgyi Top - Taehyung Bottom - Jungkook Start date - 22.12.2021 End date - 1. 4.2022 #Nectarine #I don't own photos that contain in this fic.