Ep : 16

2.8K 242 36
                                    

Unicode

နှင်းတဖွဲဖွဲကျဆင်းနေသည့် အပြင်လောကနဲ့ကွဲပြားစွာရှိနေသည့်အခန်းက heaterရဲ့အကူညီကြောင့် အပူအအေးမျှကာ နေလို့ကောင်းသည်ဆိုသော်ငြားလည်း လေထုကတော့ အပြင်ကနည်းတူ အေးစက်နေသည်..
အသက်ရှုသံပြင်းပြင်းက တုန်လှုပ်အံ့ဩမှုအပြည့်၊ အရည်လဲ့စပြုနေသည့် မျက်ဝန်းဝိုင်းတစ်စုံက နာကျင်မှုအပြည့်၊တင်းကြပ်စွာ ဆုပ်ထားသည့် လက်သီးဆုပ်ကလေးတွေက နာကျည်းမှုအပြည့်၊ ထိုမျှသော စိတ်ခံစားချက်ပေါင်းများစွာကို သယ်ပိုးထားရသည့်သူအတွက် ရင်ဘက်ကြီးက တစ်ခုလုံးပြိုကျမတက် လေးလံနေသည်..

"Boss V လက်က ဘယ်တော့မှ မလွတ်ဘူးဆိုတာ ငါသိတယ် "

"Boss V လက်က ဘယ်တော့မှ မလွတ်ဘူးဆိုတာ ငါသိတယ် "

"Boss V လက်က ဘယ်တော့မှ မလွတ်ဘူးဆိုတာ ငါသိတယ် "

နားထဲတွင် ပဲ့တင်ထပ်နေသည့် ဖေဖေရဲ့ စကားကတိတ်ဆိတ်နေသည့်အခန်းထဲမှာ အေးစက်စက်လေထုထက် သိပ်သည်းနေသည်..
ဟင့်အင်း မဖြစ်နိုင်ဘူး!
Tae Tae hyungက ဘာလို့ Vဖြစ်ရမှာလဲ?
ပြီးတော့ မှောင်ခိုလုပ်ငန်းကိုလုပ်နေတဲ့သူမှမဟုတ်တာ..
သူသိပ်ချစ်တဲ့ Kim Taehyungဆိုတဲ့ သူလေ..
ဟုတ်တယ် ဖုန်းမှားတာပဲ ဖြစ်မှာပါ..

ဒါပေမယ့် Vသာ Tae Tae hyungနဲ့ တစ်ယောက်တည်းဆို ငါဘာလုပ်ရမလဲ?
ငါ ငါ ချစ်တဲ့သူက ဖေဖေကို သတ်တဲ့သူဖြစ်နေခဲ့ရင် ငါဘာလုပ်သင့်လဲ?
အားးး!!!

အတားဆီးမဲ့စွာ စီးကျနေသောမျက်ရည်တွေသည် သူ့ရင်ဘက်ထဲက အပူတွေရဲ့ သက်သေပင်..
မလှုပ်မယှက်ရပ်နေမိတာကြောင့် ကျဉ်တက်နေပြီဖြစ်တဲ့ ခြေချောင်းလေးတွေကို မမှုဘဲ အသံတိတ်အော်နေမိသည်..
သို့ပေမယ့် နည်းနည်းလေးမှ ပူလောင်မှုက လျော့မသွား!

ချောက်!

တံခါးဖွင့်သံနဲ့အတူ ရေချိုးခန်းထဲကထွက်လာသောလူသားသည် ခါးတွင်ပတ်ထားသော တဘက်တစ်ထည်သာပါပြီး ကျစ်လစ်တောင့်တင်းသည့်ခန္တာကိုယ်အပေါ်ပိုင်းက အထင်းသား..ရေခြောက်အောင်မသုတ်ထားသေးတာမို့ တစ်စက်တစ်စက်ကျနေသည့် ရေစက်တို့က သူ့ကိုပိုဆွဲဆောင်မှုရှိစေသည်..
ရေချိုးပြီးခါစကြည်လင်နေသည့် မျက်နှာချောချောနဲ့သူက ‌jungkookရဲ့ဖေဖေကိုသတ်တဲ့သူတဲ့လား..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now