Ep : 22 ( Final )

4.7K 268 73
                                    

Unicode

မောဟိုက်နေရင်းကြားက အမည်နာမ တစ်ခုအားပြောရင်း အိမ်ထဲဝင်လာသူကို ခြံထဲက မည်သူမှမတားရဲကြပေမယ့် လှေကားပေါ်ကဆင်းလာတဲ့ တစ်စုံတစ်ယောက်ကတော့ အထက်စီးမှနေရင်း အံကိုခပ်တင်းတင်းကြိတ်ကာ...

" ဘာလာလုပ်တာလဲ.?"

"ကျွန် ကျွန်တော်_"

"ဘာလဲ မင်းမရှိရင် မဖြစ်ဘူးဆိုတာ သိရဲ့နဲ့ တမင်ထားခဲ့ပြီးမှ သေ မသေ ပြန်လာကြည့်တာလား?"

Jungkookနှုတ်ဖျားမှ ထပ်မကျလာခင် Yoongi hyungက သူ့အားစကားတွေနဲ့ ထိုးနက်သည်..
ပြန်လာကြည့်တာတဲ့လား?
ဟင့်အင်း!သူ့မှာ အဲ့လိုအတွေးမျိုးမရှိပါ!
ဒီ ဒီအတိုင်းလေ ချစ်ရသူကို စိတ်ပူလို့ လာကြည့်ချင်မိရုံပါ!

" မ မဟုတ်ပါဘူး..ကျွန်__"

"မကြားချင်ဘူး! ထွက်သွား..!"

"ဟင့်အင်း မသွားဘူး! ကျွန်တော် Tae Tae hyungကို တွေ့ချင်တယ်..!"

လုံးဝမသွားဘူး!
ရိုက်ချင်လည်း ရိုက်ကြပါစေ!
အတင်းဆွဲထုတ်လည်း ဆွဲထုတ်ကျပါစေ!
မရ ရတဲ့နည်းနဲ့ Tae Tae hyungရဲ့ မျက်နှာလေးကိုကြည့်သွားမှာ!

"မင်းကို သွားတော့လို့ပြောနေတယ်! နားမပါတာလား? အရှက်မရှိတာလား ? ဟမ်!"

"တစ် တစ်ခါလေးပါဘဲ~အင့်! မျက်နှာလေး မြင်ချင်ရုံပါ..မထိနဲ့ဆို မထိပါဘူး~အဟင့်!"

"မင်းလိုကောင်ကို ငါမယုံဘူး!"

Jungkookက မျက်ရည်များများစီးကျလျက်  လက်အုပ်ချီကာ လက်ဖဝါးအချင်းချင်းပွတ်ရင်းတောင်ဆိုနေပေမယ့် Yoongiကတော့ အသည်းမာလွန်းလှသည်..

မရတဲ့အဆုံး Jungkookက Yoongiကို တွန်း၍အပေါ်ထပ်တက်ဖို့ကြိုးစားတော့ Yoongiကလည်း မရမက တားထားသည်..
လွန်လွန်ကြူးကြူးကိုယ်ထိလက်‌ရောက်တော့မလုပ်ပါ..
ဟိုကောင် နိုးလို့ ဒီကောင်လေးတစ်ခုခုဖြစ်သံကြားရင် လွယ်မှာမဟုတ်!

"သူ သွားပါစေ Yoongi ..! "

"မင်း ဘာသိလို့ ဝင်ပြောနေတာလဲ Namjoon ! ဒီကောင်က တောက်! ငါကွာ!"

ဒုန်း..!

ဘုမသိ ဘမသိနဲ့ အခုမှ အိမ်ရောက်လတဲ့ Namjoonက ဟိုကောင်ကို သွားခိုင်းတာမို့ Yoongi စိတ်တိုတိုနဲ့ပြန်အော်ရင်း လေကားလက်ရန်းအား လက်သီးဖြင့်ထုချလိုက်သည်..

Slave To You  ( Taekook ) ( Completed )Where stories live. Discover now